တောင်ငူမြို့နယ် ရှမ်းဝတီးကျေးရွာမှ သစ္စာပန်းများ

Powered by Drupal

     မြန်မာလူမျိုးတို့သည် မိမိတို့အိမ်များတွင်လည်းကောင်း၊ ဘုရားကျောင်းကန်များတွင်လည်းကောင်း ဘုရားပန်းများကို ဝေဝေဆာဆာကပ်လှူကြသဖြင့် ပန်းစိုက်တောင်သူများမှာ ရောင်းအားကောင်းလျက်ရှိပါသည်။ တောင်ငူမြို့နယ် ရှမ်းဝတီးကျေးရွာတွင် ပန်းမျိုးစုံစိုက်ပျိုးလျက်ရှိရာ ယခုအခါ သစ္စာပန်းများ လှိုင်လှိုင်ပေါ်နေပြီ ဖြစ်၍ တောင်ငူမြို့ ညောင်ပင်ဈေးသို့ လာရောက်၍ ရောင်းချကြပါသည်။

      သစ္စာပန်းသည် အထပ်လိုက်ပွင့်သည့်ပန်းဖြစ်ပြီး ရိုးတံမှာ ရေတွင်အချိန်ကြာမြင့်စွာထားသော်လည်း အနံ့ဆိုးမရှိသဖြင့် လူကြိုက်များသည့် ပန်းဖြစ်ပါသည်။ ယခင်နှစ်များက သစ္စာပန်း ရောင်စုံများ မတွေ့ရသလောက်ဖြစ်သော်လည်း ယခုနောက်ပိုင်းတွင် ရောင်စုံသစ္စာပန်းများ စိုက်ပျိုး လာကြပါသည်။

    သစ္စာပန်းရောင်စုံ ၅ တန်ပါတစ်စည်းလျှင် ၇၀၀ ကျပ်မှ ၁၀၀၀ ကျပ်အထိ ရောင်းချရကြောင်း၊ သစ္စာပန်းများသည် ဘုရားကပ်လှူရာတွင် အခြားပန်းများနှင့်မတူ တမူထူးသပ္ပာယ်သည့်အတွက် လူကြိုက်များ၍ ရောင်းအားကောင်းကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)