တောင်ငူမြို့သို့ လာရောက်ရောင်းချသည့် နေပြည်တော်တပ်ကုန်းမှ ဖရဲသီးများ

Powered by Drupal

    တောင်ငူမြို့သို့ နေပြည်တော် တပ်ကုန်းမြို့နယ်မှ ဖရဲသီးများ လာရောက်ရောင်းချလျက်ရှိရာ ၎င်းဖရဲသီးများမှာ ဒေသဖရဲသီးထက် အရသာပိုမိုကောင်းမွန်သဖြင့် လူကြိုက်များ၍ ရောင်းအားကောင်းလျက်ရှိပါသည်။

   တပ်ကုန်းမြို့နယ်မှ ဖရဲသီးများကို ကားတစ်စီးလျှင် အလုံး ၃၀၀၀ ခန့်တင်ဆောင်၍ တောင်ငူမြို့ ဘုရင့်နောင်ဈေးအနီးတွင် အထိုင်ဆိုင်ခန်းဖွင့်လှစ်၍လည်းကောင်း၊ မော်တော်ယာဉ်ငယ်များဖြင့် တောင်ငူမြို့တွင်း လူစည်ကားရာနေရာများနှင့် ရေတာရှည်၊ အုတ်တွင်း၊ ဖြူးမြို့နယ်များသို့လည်းကောင်း လှည့်လည်ရောင်းချပါသည်။ 

    ဖရဲသီးအကြီး တစ်လုံးလျှင် ၂၀၀၀ ကျပ်မှ ၂၅၀၀ ကျပ်အထိနှင့် ဖရဲသီးအသေး တစ်လုံးလျှင် ၁၀၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိ ရောင်းချကြောင်းနှင့် လူကြိုက်များ၍ ရောင်းအားကောင်းကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)