သာယာဝတီခရိုင်တွင် သက်သာသောဈေးနှုန်းဖြင့် ဆန်/ဆီ/ကြက်ဥ/ငါးနှင့် ဟင်းသီးဟင်းရွက်များ ရောင်းချပေးခြင်း

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီစိုက်ပျိုးရေးသိပ္ပံကျောင်း ၊ လက်ပံတန်း အစိုးရ စက်မှု့လက်မှု့သိပ္ပံကျောင်းများတွင် အပတ်စဉ် အင်္ဂါနေ့တိုင်း သက်သာသောဈေးနှုန်းဖြင့် ဆန် ၊ဆီ၊ ကြက်ဥ၊ ငါးနှင့် ဟင်းသီးဟင်းရွက်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းညွှန်မှုဖြင့် ၁၃.၂.၂၀၂၄ ရက်နေ့တွင် ကိုယ်တိုင်စိုက်ပျိုး/ မွေးမြူထုတ်လုပ်သူများ ဈေးကားဖြင့် တိုက်ရိုက် ရောင်းချပေးရာတွင်  သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာစိုက်ပျိုးရေးဌာန၊ မွေးမြူရေးဌာန ၊ စားသုံးသူ‌ရေးရာဦးစီးဌာနတို့မှ ပူးပေါင်းရောင်းချပေးလျက်ရှိပါသည်။

     သာယာဝတီမြို့ ၊ စိုက်ပျိုးရေးသိပ္ပံကျောင်းတွင် မနောသုခဆန်(၁)ပြည်လျှင် ၃၀၀၀/ ကျပ် ဈေးနှုန်းဖြင့် ဆန်အိတ် (၅)အိတ်၊ ကြက်ဥ ၁လုံးလျှင် ၂၀၀ ကျပ်ဈေးနှုန်းဖြင့် အလုံးရေ (၈၀၀)လုံး၊ ဆီပိဿာ (၁၁၀)ပိဿာ၊ ကြက်သားပိဿာ(၃၀)ပိဿာ၊ ငါးမြစ်ချင်း(၃၀)ပိဿာနှင့်ဟင်းသီးဟင်းရွက် မျိုးစုံရောင်းချပေးလျက်ရှိသည်။ လက်ပံတန်းမြို့ စက်မှုလက်မှု သိပ္ပံကျောင်းတွင်   ဆန်အိတ်(  ၆) အိတ်၊ ကြက်ဥ အလုံးရေ(၁၆၃၀)၊ ဆီပိဿာ (၇၈) ပိဿာ၊ ကြက်သားပိဿာ( ၃၀)ပိဿာ၊  ငါးမြစ်ချင်း (၁၅)ပိဿာနှင့် ခရမ်းချဉ်သီး၊ မုန်လာဥ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်နှင့် ဟင်းသီးဟင်းရွက်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)