လက်ပံတန်းမြို့မဈေးအတွင်းမှ ကြက်သွန်နီနှင့်အာလူးဈေးကွက်

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ကြက်သွန်နီဈေးနှုန်းများမှာ ဇန်နဝါရီလဒုတိယပတ်တွင် ကြက်သွန်နီ(အကြီး) လက်လီဈေးနှုန်း တစ်ပိဿာလျှင် (၄၀၀၀/၄၅၀၀) ကျပ်၊ အသေးတစ်ပိဿာလျှင် (၃၅၀၀) ကျပ်၊ ဖေဖော်ဝါရီလ ဒုတိယပတ်မှာတော့ ကြက်သွန်နီ (အကြီး) လက်လီဈေးနှုန်း တစ်ပိဿာလျှင် (၂၅၀၀ /၃၀၀၀) ကျပ်၊ အသေးတစ်ပိဿာလျှင် (၁၈၀၀/၂၀၀၀) ကျပ်ဈေးဖြင့် ကြက်သွန်နီဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။

      အာလူးဈေးကွက် ရောင်းချမှုအနေဖြင့် အာလူးတစ်ပိဿာလျှင် ဇန်နဝါရီလဒုတိယပတ်တွင် (၃၅၀၀) ကျပ် ပေါက်ဈေးဖြင့် အရောင်းအဝယ်ရှိနေခဲ့ပြီး ဖေဖော်ဝါရီလဒုတိယပတ်အတွင်းမှာတော့ အာလူးဈေးနှုန်းမှာ (၂၅၀၀/၃၀၀၀) ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေပါသဖြင့် အာလူးဈေးနှုန်း အနည်းငယ်ကျဆင်းကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)