စလင်းမြို့နယ်ရှိ အခြေခံလူတန်းစားများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေး

Powered by Drupal

   မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ ဒေသခံ အခြေခံလူတန်းစားများကို တစ်ဖက်တစ်လမ်းမှ စားဝတ်နေရေးအထောက်အကူပြုစေရန်ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ စလင်းမြို့နယ်တာဝန်ခံ ဦးဆန်းလင်းမောင်(ဦးစီးမှူး)နှင့် အဖွဲ့သည် (၁-၂-၂၀၂၄) ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်မှ နေ့လယ်(၁၅း၀၀)နာရီအချိန်ထိ စလင်းမြို့နယ်အတွင်းရှိ အုတ်ဖိုကန်ကျေးရွာ၊ တောစိမ့်ကျေးရွာ၊ အောင်ချမ်းသာကျေးရွာ၊ ကူထိုကျေးရွာနှင့် ဖိုဝန်းကျေးရွာ အစရှိသည့် ကျေးရွာ(၅)ရွာ၌ ဆင်ဖြူကျွန်းမြို့ဆီလုပ်ငန်းရှင်အရောင်းကိုယ်စားလှယ်ထံမှ မင်းဘူးခရိုင်အတွက် ခွဲတမ်းရရှိသော စားအုန်းဆီများကို (၁)ပိဿာလျှင် ကျပ်(၅၀၀၀)ဖြင့် အိမ်ထောင်စု (၅၅၀)စုကို စားအုန်းဆီပိဿာ(၅၅၀)ပိဿာရောင်းချပေးရာ၌ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

     အဆိုပါရောင်းချပေးနေမှုကို စလင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးနေလင်းနိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆန်းလင်းမောင်(ဦးစီးမှူး)၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးနန်းဦးမောင် (ဒုတိယဦးစီးမှူး)နှင့် စားအုန်းဆီအရောင်းကိုယ်စားလှယ်များပူးပေါင်း၍ ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်းနှင့် နေ့စဉ်ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော စားအုန်းဆီများကိုလည်း  သက်ဆိုင်ရာဌာနများ၏ သတ်မှတ်ထားသော ညွှန်ကြားချက်များနှင့်အညီ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စလင်းမြို့နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင် ဦးမောင်မောင်လွင်ထံမှသိရှိရပါသည်။

DOCA(မကွေး)