လက်လီလက်ကားကုန်စုံဆိုင်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေး

Powered by Drupal

  ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမာ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ၁၅.၁၂.၂၀၂၃ရက်နေ့တွင် ဗန်းမော်ခရိုင်ဦးစီးမှူးရုံး၌ ဗန်းမော်မြို့၊ မင်းကုန်းရပ်ကွက်ရှိ လက်လီလက်ကားကုန်စုံဆိုင် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေ ခဲ့ပါသည်။

  ထိုသို့ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးက ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဝန်ဆောင်မှု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ ၊ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု ၊ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဥ်း၍အာမခံချက်ပေးခြင်း၊အခန်း(၁၈)ပါကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဥ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့် အညီသိသာထင်ရှားစွာဖော်ပြရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာအချက်များနှင့် ကိုက်ညီမှုမရှိသည့်ကုန်စည်ကို ထုတ်လုပ်ခြင်းရောင်းချခြင်းမပြုရန်နှင့် တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကိုပါ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)