ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ စားသုံးသူရေးရာဦးစီးဌာနမှ ရုံးချုပ်တွင် ကျင်းပပြုလုပ်သော ဆွေးနွေးပွဲသို့တက်ရောက်

Powered by Drupal

ဘားအံ၊ ဒီဇင်ဘာလ ၁၅ရက်

             ကရင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ စီမံ/ငွေစာရင်း တာဝန်ခံဦးစီးအရာရှိ ဒေါ်စမ်းစမ်းမြင့်၊ နှင့် ဝန်ထမ်းများသည် ရုံးချုပ်၊ရုံးအမှတ်(၅၂) နေပြည်တော်၌ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၁၅ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် Virtural  Zoom Meeting စနစ်ဖြင့် စားသုံးသူရေးရာဦးစီးဌာန ငွေစာရင်းဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ဝင်းကြူ ဦးဆောင် ကျင်းပပြုလုပ် သော ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြပါသည်။

         အခမ်းအနားတွင် ညွှန်ကြားရေးမှူး ဒေါ်ဝင်းကြူက စီမံ၊ ငွေစာရင်းဆိုင်ရာ ကိစ္စရပ်များ၊ စနစ်တကျရှိစေရေးအဖွင့်အမှာစကားပြောကြားပြီး အစီအစဉ်အရ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး မှ စီမံရေးရာဌာန၊ ငွေစာရင်းဌာနနှင့်သက်ဆိုင်သည့် လုပ်ငန်းအခြေအနေနှင့်လိုအပ်ချက်များကို ရှင်းလင်းတင်ပြ၍ ရှင်းလင်းတင်ပြချက်များအပေါ် ငွေစာရင်းဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ဝင်းကြူက  ပြန်လည်ဖြေကြားရှင်းလင်းခဲ့ပြီး ဆွေးနွေးပွဲမှ လိုအပ်သည်များ လမ်းညွှန်ခဲ့ပါသည်။

              အစည်းအဝေးတွင် နေပြည်တော်၊ တိုင်းဒေသကြီး၊ပြည်နယ်များရှိ တာဝန်ခံအရာ ထမ်းများအား စီမံရေးရာဌာနခွဲနှင့် ငွေစာရင်းဌာနခွဲတို့ကို ဘတ်ဂျတ်ရေးဆွဲမှုနှင့်ရန်ပုံငွေ ခွဲဝေချထားမှုဆိုင်ရာလုပ်ငန်းများကို ညွှန်ကြားဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲကို (၁၁:၁၅)အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်းသိရသည်။