ပွင့်ဖြူမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ပွင့်ဖြူမြို့နယ်တာဝန်ခံတို့သည် (၉.၁၂.၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ပွင့်ဖြူမြို့ ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်(၃)ဆိုင်တို့အား ရှောင်တခင်ဝင်ရောက်၍ သတ်မှတ်ထားသော အခြေ ခံရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/မရှိ ပူးပေါင်း ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပွင့်ဖြူမြို့နယ်တွင် စက်သုံးဆီဆိုင်(၇)ဆိုင်ရှိရာဆိုင်များအားလုံး ပုံမှန်ဆိုင်ဖွင့်ရောင်းချပေးလျက်ရှိပြီး မင်းဘူးခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများနှင့် ပွင့်ဖြူမြို့ နယ်တာဝန်ခံတို့သည် မြို့ပေါ်ရှိ စက်သုံးဆီရောင်းချနေသော “မင်းထက်ကြွယ်” စက်သုံးဆီဆိုင် “ရာစုသိန်း”စက်သုံးဆီဆိုင်နှင့် “Green Leaf”စက်သုံးဆီဆိုင် ပိုင်ရှင်များအား စက်သုံးဆီဈေးနှုန်းများအား မြှင့်တင်ရောင်းချခြင်းမရှိစေရေး၊ အချိန်အတွယ်များမှန်ကန်စေရေးနှင့် စံနမူနာခွက်များဖြင့် ချိန်တွယ်ကြည့်ခြင်း၊  စက်သုံးဆီဆိုင်များအား ဆီပြတ်လပ်မှု မဖြစ်ပေါ်စေရေး၊ ဆီလက်ကျန်အခြေ အနေများနှင့် ဆီဆိုင်များအား ပိတ်ထားခြင်းမဖြစ်ပေါ်စေရေးတို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)