စာသုံးသူကာကွယ်ရေး အခြေခံပညာကျောင်းတွင် အသိပညာပေးဟောပြောခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့ နယ်ဦးစီးမှူးရုံးသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၅.၁၂.၂၀၂၃)ရက်နေ့ ၊ နံနက် (၁၀:၀၀)အချိန် စွန်တနီးကျေးရွာ၊ ဗောဓိ (အ.လက)ခွဲကျောင်းတွင် ကျောင်းသား/ကျောင်းသူများအား စားသုံးသူ ကာကွယ်ရေး ဥပဒေများအကြောင်း အသိပညာပေးဟော ဆွေးနွေးခဲ့ပါသည်။

    အဆိုပါဆွေးနွေပွဲတွင် ဗောဓိ(အ.လက)ခွဲကျောင်းသား/သူများအား ကျောင်းအုပ်ဆရာကြီး  အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဆိုင်ရာကိစ္စများကို ဌာနမှ ရှင်းလင်းပြောကြားချက်များအား ကြားနာမှတ်သားထားကြရန်၊ ဆက်လက်၍ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင်(ဒု-ဦးစီးမှူး)က စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်းချက်(Vision)၊ မျှော်မှန်းချက် (Mission) အနက် အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ကျောင်းသား/သူများအနေဖြင့် မိမိတို့ လိုအပ်ချက်အရ ကုန်စည်/ဝန်ဆောင်မှုကို ဝယ်သူသုံးစွဲရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါအခန်း(၁၈)၊ ပုဒ်မ(၄၁)ဖော်ပြချက်နှင့် ကုန်စည် (သို့မဟုတ်)ဝန်ဆောင်မှုနှင့် ပတ်သတ်၍ စားသုံးသူအခွင့်အရေး(၈)ချက်၊ စားသုံးသူတာဝန် (၄)ချက်တို့အားလည်းကောင်း၊ ကုန်ပစ္စည်းများပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိမှုအား ပြည့်စုံစွာပါဝင်မှုရှိ/မရှိ သေချာစွာလေ့လာဖတ်ရှုပြီးမှ ဝယ်ယူသုံးစွဲသင့်ကြောင်း၊ စားသုံးသူများနစ်နာ ဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ဌာနတွင်ဖွင့်လှစ်ထားသည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးခန်းသို့ လာရောက်တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက် များအား လေ့လာရန်နှင့် တိုင်ကြားလိုပါက ဌာန၏ Website ဖြစ်သည့် နှင့် DOCA Myanmar Mobile Application တွင်ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Consumer Call Center (1535)ကိုခေါ်ဆို၍လည်း မေးမြန်းတိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာ သည့် ကျောင်းသား/သူ များ၏ မေးမြန်းချက်များအား အကျယ်တဝင့် ပြန်လည်ရှင်းလင်းဖြေကြားကာ ဟောပြောပွဲသို့ ကျောင်းသား/သူ  (၁၅၀)ခန့် တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)