စာသုံးသူကာကွယ်ရေး ညောင်တုန်း ရန်ကင်းစံရာပြည်သူလူထု အသိပညာပေးဟောပြောခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးသည် (၈.၁၂.၂၀၂၃)ရက်နေ့ ၊ နေ့လယ် (၁၄:၀၀)အချိန် ညောင်တုန်းမြို့နယ် ရန်ကင်းစံရာရှိ ပြည်သူ(၄၀)ဦးအား စားသုံးသူကာကွယ်ရေးဥပဒေများအကြောင်း အသိပညာပေးဟော ဆွေးနွေးခဲ့ပါသည်။

   အဆိုပါဆွေးနွေပွဲတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ပြည်သူများအား စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)ပါ ဥပဒေအကြောင်းများ၊ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ဦးစီးဌာန၏လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ၊ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များ၊ စားသုံးသူရေးရာကော်မတီဖွဲ့စည်းခြင်းအကြောင်း၊ ကုန်စည်ဝန်ဆောင်မှုကို စားသုံးသူများမှရွေးချယ်ဝယ်ယူရာတွင် အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေး၊ စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းကို ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပြီး ဟောပြောပွဲတက်ရောက်သူ ပြည်သူများမှ သိရှိလိုသည်များကို မေးမြန်းကြပြီး ညောင်တုန်းမြို့နယ်ဦးစီးမှူးမှ ပြန်လည်ရှင်းလင်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)