ကျွန်းလှမြို့”သိဒ္ဓိအောင် “ဆီစက် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးအသိပညာပေး

Powered by Drupal

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် “ပြည်တွင်းကုန် သွယ်မှုဖွံဖြိုးတိုးတက်စေရန်” ဆိုသည့် မျှော်မှန်းချက်နဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်သည် ၂၀၂၃ ခုနှစ် ၊ ဒီဇင်ဘာလ(၁၁)ရက်နေ့ နံနက်(၁၂;၀၀) အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊  ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ရှိ”သိဒ္ဓိအောင်“ဆီစက်လုပ်ငန်းရှင်နှင့် သွားရောက် တွေ့ဆုံဆွေးနွေး အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်က ဆီများထုတ်လုပ်ရောင်းချခြင်းနှင့် ပတ်သက်၍ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေ (၂၀၁၉)၊ အခန်း (၁၅) ပုဒ်မ(၂၈)အရ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများ လုံခြုံစိတ်ချရမှုရှိစေရေး နှင့် စားသုံးသူပြည်သူ များ ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက်” သိဒ္ဓိအောင် “ဆီစက်လုပ်ငန်းမှ ဆီများကြိတ်ခွဲ ထုတ်လုပ် ရာတွင် သန့်ရှင်းသပ်ရပ်မှု ရှိ/ မရှိ ၊ အချိန်အတွယ် မှန်ကန်မှု ရှိ/ မရှိ ၊ ဆီများထုတ်လုပ်မှု အဆင့်ဆင့်တွင် လည်း သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်စေရေးနှင့် ဆီများထုတ်လုပ်ရာ တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖေါ်ပြရန်အတွက် မိမိတို့ စာသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်ပေးလျှက် ရှိပါကြောင်းနှင့် မိမိတို့မြို့နယ်အတွင်း ထုတ်လုပ်နေသော လုပ်ငန်းရှင်များကိုလည်း ကျွန်မတို့ စားသုံးသူ ရေးရာဦးစီးဌာနမှ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြခြင်းနှင့် ပတ်သက်ပြီး အခမဲ့ ကူညီဆောင်ရွက်ပေးနေကြောင်း “သိဒ္ဓိအောင်” ဆီစက်မှ ထုတ်လုပ်နေသောဆီများကို  မိမိတို့ကိုယ်ပိုင် အမှတ်တံဆိပ်ကပ်၍ ကုန်အညွှန်းအမှတ်အသား လျှောက်ထားရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ ထို့နောက် မိမိတို့ စားသုံးသူကာကွယ်ပေးရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားပါသည်။

  ထို့နောက် စီးပွားရေးလုပ်ငန်းရှင်မှ ဆီကြိတ်ခွဲထုတ်လုပ်ရာတွင် ဒေသတွင်းတောင်သူများ သီးနှံပေါ် ချိန်တွင်သာ လည်ပတ်ရတာမဟုတ်ပဲ (၁၂)လရာသီလုံး မြေပဲလုံဆံ ဝယ်ယူကြိတ်ခွဲ လည်ပတ်နေကြောင်း၊ ကုန်ကြမ်းများကို ယခုလများတွင် မန္တလေး၊ ရွှေဘို ပွဲရုံများမှ ပဲဆံဝယ်ယူရပြီး အောက်ပိုင်းမှ မြေပဲဆံများ ဝယ်ယူ၍မရလျှင် အင်းတော် ၊ ဗန်းမော် ၊ မန်စီ တို့ဘက်သို့ တက်ရောက်ဝယ်ယူကြောင်းနှင့် မိမိတို့ဆီစက်မှ ထွက်ရှိသော မြေပဲဆီများကိုလည်း ရန်ကုန်၊ မန္တလေး၊ ရွှေဘို၊ မြစ်ကြီးနား ၊ ဖားကန့်တို့နှင့် ကျွန်းလှမြို့နယ် အတွင်းကျေးရွာများသို့ ပို့ဆောင်ရောင်းချရကြောင်း၊ မြေပဲပတ်များကိုလည်း မန္တလေး၊ ရွှေဘိုပွဲရုံများနှင့် ဒေသတွင်းသို့  တင်ပို့ရောင်းချကြောင်း လုပ်ငန်းရှင်မှ ဆွေးနွေးပြောကြားခဲ့ပါသည်။ ထိုသို့ပြောကြားရာတွင် လိုအပ်သည်များ ဖြည့်စွက်ပြောကြားပြီး ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(စစ်ကိုင်း)