ကုန်အညွှန်းအမှတ်အသားနှင့် စားသုံးသူအခွင့်အရေးသိရှိစေဖို့ စာသင်ကျောင်းများသို့ ဆွေးနွေး အသိပညာပေးကြစို့ (ကန့်ဘလူမြို့နယ်)

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူး၏လမ်းညွှန်ချက်၊ ကန့်ဘလူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်သည် စားသုံးသူပြည်သူများကို စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ရန် ၊ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ကျန်းမာရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် (၁၁.၁၂.၂၀၂၃)ရက်နေ့ နံနက် (၀၉;၀၀) နာရီအချိန်တွင်  ကျွန်းလှမြို့ပေါ်ရှိ ကျွန်းလှ(အ.ထ.က) ကျောင်းတွင်  စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးစိုးမှ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီးနောက် မြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်က  စားသုံးသူအခွင့်အရေးများနေ့ ဖြစ်ပေါ်လာပုံ ၊ စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံအဆင့်ဆင့်အကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ ခုနှစ် ၊ မတ်လ (၁၅)ရက်နေ့တွင် ပြဌာန်းခဲ့ပြီး အခန်းပေါင်း(၂၅)ခန်း ပုဒ်မပေါင်း(၈၄)ခု ပါဝင်ပြဌာန်းထားကြောင်း၊ စားသုံးသူကာကွယ်ပေးရေးဥပဒေရေးဆွဲပြဌာန်းရခြင်းရဲ့ ရည်ရွယ်ချက်၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူကာကွယ်ရေး၏ အဓိပ္ပာယ်ဖွင့်ဆိုချက် စားသုံးသူအခွင့်အရေး(၈)ချက်၊ စားသုံးသူအကာကွယ်ပေးရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသားဖေါ်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာ ထည့်သွင်းဖော်ပြ၍  ထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူစားသောက်အသုံးပြုတတ်ရန် ၊ စားသုံးသူများ လိုက်နာဆောင်ရွက်ရမည့်တာဝန်များနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်ပါကြောင်း ၊ တိုင်ကြားနိုင်သည့် နေရာများဖြစ်သည့် မိမိတို့ စားသုံးသူ ရေးရာဦးစီးဌာနခရိုင်ဦးစီးမှူးရုံး စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေး စင်တာ(CICC) တွင်လည်းကောင်း ၊ Facebook Page ဖြစ်တဲ့ DOCA Myanmar Page တွင်လည်းကောင်း ၊  မိမိတို့ဌာန Website  ဖြစ်တဲ့ www. doca.gov. mm တွင်လည်းကောင်း ၊ MPT ; mytel ;  Telenor ;  Oredoo  ; SIM Card User များအားလုံး Call Center No. 1535 တို့တွင် ပြေစာအထောက်အထား အပြည့်အစုံဖြင့် တိုင်ကြားနိုင်ပါကြောင်းနှင့် သိလိုသည်များကို စုံစမ်းမေးမြန်းနိုင်သည့်အကြောင်းများ နှင့် မိမိတို့ကို ဟောပြောသွားသော အချက်အလက်များကို မိမိတို့ မိသားစုများ၊ အသိမိတ်ဆွေများကို ပြန်လည် ရှင်းပြ ပေးရန်နှင့်  ကျောင်းသား/သူများကို ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိတဲ့ ကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူစားသောက် အသုံးပြုတတ်ရန်အတွက် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမ(၁၃)ဦး၊ ကျောင်းသား/ ကျောင်းသူ(၂၆၀)ဦး၊ စုစုပေါင်း (၂၇၃)ဦး တို့အား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး (၂/၂၀၁၉) ညွန်ကြားချက်ပါ လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်း ရရှိခဲ့ပါသည်။

DOCA(စစ်ကိုင်း)