ကျွန်းလှမြို့နယ်ရှိ စက်သုံးဆီဆိုင်များသို့ ဌာနဆိုင်ရာအဖွဲ့များနှင့် ကွင်းဆင်းစစ်ဆေး

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များသို့ ကျွန်းလှမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍  ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၈)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် သွားရောက် ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အတွင်းရှိ လိုင်စင်မဲ့ စက်သုံးဆီဆိုင်များအား ရောင်းချခြင်းမပြုရန် တရားဝင် ပန့်ဆီဆိုင်များကိုလည်း  မြို့နယ်အတွက် စက်သုံးဆီ ပြတ်လတ်မှု မရှိစေရေး စက်သုံးဆီဈေးနှုန်းများ မြှင့်တင်ရောင်းချခြင်းမပြုရန် စက်သုံးဆီ တင်သွင်း ဖြန့်ဖြူးရောင်းချနေမှု အခြေအနေ၊ စက်သုံးဆီ ပြတ်လတ်မှု ရှိ/မရှိ၊ (PPRD) စက်သုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ  နေ့စဉ် သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှု ရှိ/ မရှိ၊ အချိန်အတွယ်နှင့် အလေးချိန်မှန်ကန်မှု ရှိ/မရှိ  ၊ စက်သုံးဆီ မြေပြင်လက်ကျန်အခြေအနေတို့ကို စစ်ဆေးရာ သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချလျှက်ရှိပြီး၊ အချိန်အတွယ်မှန်ကန်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ စက်သုံးဆီ လုပ်ငန်းရှင်အနေဖြင့် တရားမဝင် စက်သုံးဆီ၊ ချောဆီများ တင်သွင်း ဖြန့်ဖြုးရောင်းချနေခြင်း စိစစ်တွေ့ရှိရပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေးအတွက် စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီပြတ်လတ်မှုမရှိစေရေးအတွက် ပုံမှန်ဖွင့်လှစ် ရောင်းချနိုင်ရေး  ၊ သက်ဆိုင်ရာဌာနလုပ်ငန်းခွန်များလည်း နှစ်စဉ်ပေးသွင်းရန်နှင့် မီးဘေးအန္တရာယ်များအတွက် မီးသတ်ဆေးဘူးများ ပြတ်လတ်မှုမရှိ‌အောင် ထားရှိဆောင်ရွက်ကြရန် ကွင်းဆင်းစစ်ဆေးရာတွင် လိုက်ပါပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

DOCA(စစ်ကိုင်း)