စက်သုံးဆီဆိုင်များဆီလက်ကျန်အခြေအနေများစစ်ဆေးခြင်း

Powered by Drupal

      ၈.၁၂.၂၀၂၃ ရက်နေ့၊ နံနက်၁၀:၃၀အချိန်မှစ၍ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များဖြစ်သော City Energy  Max   Puma Power New Day စက်သုံးဆီဆိုင်များသို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီစသည့်ဌာနများ၊ အဖွဲ့ဝင်များနှင့်အတူ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ဇာဇာထွန်း(ဒု-ဦးစီးမှူး)တို့က ကွင်းဆင်းစစ်ဆေးမှုများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

      ထိုသို့ကွင်းဆင်းရာတွင် စက်သုံးဆီဆိုင်များရှိ ဆိုင်အတွင်း ဆီကန်ဝင်ဆံ့နိုင်မှုပမာဏ၊ ဆီပြတ်လပ် သည့်ဆီကန်လက်ကျန်များ တိုင်းထွာခြင်း၊  ပြတ်လပ်သည့်ဆီနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု၊ POလျှောက်ထားမှုအခြေအနေ၊  ဆိုင်အတွင်းကာတန်းဆီမှုအခြေအနေတို့ကို  ဆိုင်တာဝန်ခံများနှင့်အတူ စစ်ဆေးတိုင်းတာခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)