စက်သုံးဆီဆိုင်များဆီလက်ကျန်အခြေအနေများစစ်ဆေးခြင်း

Powered by Drupal

    ၉.၁၂.၂၀၂၃ ရက်နေ့၊ နံနက်၁၀:30အချိန်မှစ၍ သင်္ဃန်းကျွန်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များဖြစ်သော Denko YP၊  Moon Sun စက်သုံးဆီဆိုင် များသို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စက်သုံးဆီတင်သွင်းသို လှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီစသည့်ဌာနများ၊ အဖွဲ့ဝင်များနှင့်အတူစား သုံးသူရေးရာဦးစီးဌာန၊  ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ဆွေဆွေမွန်(ဦးစီးမှူး)တို့က ကွင်းဆင်းစစ်ဆေးမှုများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

      ထိုသို့ကွင်းဆင်းရာတွင် စက်သုံးဆီဆိုင်များရှိ ဆိုင်အတွင်း ဆီကန်ဝင်ဆံ့နိုင်မှုပမာဏ၊ ဆီပြတ်လပ်သည့် ဆီကန်လက်ကျန်များ တိုင်းထွာခြင်း၊  ပြတ်လပ်သည့်ဆီနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု၊ PO လျှောက်ထားမှုအခြေ အနေ၊  ဆိုင်အတွင်းကာတန်းဆီမှုအခြေအနေ တို့ကိုဆိုင်တာဝန်ခံများနှင့်အတူ စစ်ဆေးတိုင်းတာခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)