သထုံမြို့နယ်တွင် ဆန်စက်စာရင်းကောက်ယူမှုနှင့် အသင်းဝင်မှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ဆန်စက်လုပ်ငန်းရှင်များအသင်း၊ NEI (Netional Enlightenment Institute) တို့နှင့်ပူးပေါင်း၍ ၂.၁၁.၂၀၂၃ ရက်နေ့တွင် ဆန်စက်စာရင်းကောက်ယူမှုနှင့် အသင်းဝင်မှုအခြေအနေအား ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

 ထိုသို့ဆောင်ရွက်ရာတွင် သထုံမြို့နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဆန်စက်အချက်အလက်များကောက်ယူခြင်း၊ ဆန်စက်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဈေးကွက်အချက်အလက်များကောက်ယူခြင်း၊ ဆန်စက်အမျိုးအစား၊ ကြိတ်ခွဲနိုင်သည့် ပမာဏ၊ ဆန်ထွက်နှုန်း၊ စပါးချိန်တွယ်ဝယ်ယူသည့်စနစ်၊ ပြန်လည်ရောင်းချသည့်ပုံစံ၊ စက်ပစ္စည်းအသုံးပြုမှု အခြေအနေ၊ ကုန်ကြမ်းအသုံးပြုမှု အခြေအနေ၊ ရောင်းချနေမှုအခြေအနေ၊ တင်ပို့ရောင်းချသည့်ဒေသ စသည့်အချက်အလက်များအား ကောက်ယူခဲ့ပြီး လုပ်ငန်းရှင်များမှ သိလိုသည်များကို မေးမြန်းခြင်းအပေါ် ပြန်လည်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(မွန်)