ကရင်ပြည်နယ် သစ်သီးဝလံနှင့်ပန်းမန်လ် စိုက်ပျိုးသူများအသင်း ပြန်လည်ဖွဲ့စည်း

Powered by Drupal

 ကရင်ပြည်နယ်သစ်သီးဝလံနှင့် ပန်းမာလ်စိုက်ပျိုးထုတ်လုပ်သူများအသင်း အလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ဖွဲ့စည်းခြင်းအခမ်းအနားအား ၁၂-၁၀-၂၀၂၃ ရက်နေ့ ၊နံနက်၁၀နာရီအချိန်တွင် ဘားအံမြို့ ၊ မွေးမြူရေးဇုံ ရှင်းလင်းဆောင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။  

    အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်နော်သူးလေထီး၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ကရင် ပြည်နယ်ဦးစီးမှူး ဦးနေမျိုးထိုက်ကျော်၊ ကရင်ပြည်နယ် သစ်သီးဝလံနှင့် ပန်းမန်လ် စိုက်ပျိုးထုတ်လုပ်သူများ (အသင်းဟောင်း)ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အလုပ်အမှုဆောင်ဝင်များ၊ ကရင်ပြည် နယ် ဒူးရင်းစိုက်ပျိုးသူများအသင်းနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသော ဌာနဆိုင်ရာများမှ ကုန်သွယ်မှု မြှင့်တင်ရေးနှင့် ပတ်သက်၍ သစ်သီးဝလံပန်းမန်လ်များ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချနိုင်ရေး ဆိုင်ရာ ကိစ္စရပ်များကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့၍ အသင်းဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများနှင့် သင်းဖွဲ့စည်းမျဉ်း ရေးသားခြင်းဆိုင်ရာ ကိစ္စရပ်များစနစ်တကျ ရှိစေရေးအတွက် အသီးသီးအမှာ စကားပြောကြားခဲ့ကြောင်းနှင့် အသင်းဖွဲ့ စည်းခြင်းဆိုင်ရာ ကိစ္စရပ်များအား ကရင်ပြည်နယ် သစ်သီးဝလံနှင့် ပန်းမန်လ် စိုက်ပျိုးထုတ်လုပ်သူများ (အသင်းဟောင်း)ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အလုပ်အမှုဆောင်ဝင်များက ၎င်းတို့အစီအစဉ်အရ လွတ်လပ်စွာဆက်လက်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

    ကရင်ပြည်နယ်၊ သစ်သီးဝလံနှင့်ပန်းမန်လ် စိုက်ပျိုးထုတ်လုပ်သူများအသင်းအား ၂၀၁၇ ခုနှစ် တွင် ၂၀ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး သင်းဖွဲ့စည်းမျဉ်းအရ အလုပ်အမှုဆောင်အဖွဲ့အား ၂ နှစ်တစ်ကြိမ် ရွေးကောက်တင်မြှောက်ရမည် ဖြစ်သော်လည်း ကိုဗစ်ကပ်ရောဂါအခြေအနေများကြောင့် ယခုအခါမှ ပြည်လည်ရွေးချယ်ဖွဲ့စည်းနိုင်ခဲ့ကြောင်း သိရသည်။

DOCA(ကရင်)