ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ်ခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန ကယားပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ဝန်ထမ်းများ လူ့စွမ်းအားအရင်းအမြစ် များဖွံ့ဖြိုးတိုးတက်စေရေး၊ ဦးစီးဌာန၏ မျှော်မှန်းချက် (Vision)၊ ရည်မှန်းချက် (Mission) များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရေး ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းကို ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့မှ (၁၂) ရက်နေ့အထိ နေ့စဉ် နံနက် (၁၀:၀၀)နာရီမှ ညနေ (၁၄:၀၀)နာရီအထိ (၅)ရက်တာ သင်တန်း ဖွင့်လှစ်ပို့ချခဲ့ပါသည်။
အဆိုပါသင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူး ဦးကျော်ဝင်းက လက်ရှိဝန်ထမ်းများနှင့် အသစ်ခန့်ထားသော ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းနှင့်သင်တန်းဆိုတာ အမြဲဒွန်တွဲလျက်ရှိကြောင်း၊ ယခုဖွင့်လှစ်သည့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းမှာ ဝန်ထမ်းများ၏ အရည်အသွေးတိုးတက်စေရန်ဖြစ်ပြီး သင်တန်းတွင် ပို့ချသော သင်ခန်းစာများမှာ လက်တွေ့လုပ်ငန်းခွင် ဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေမှာဖြစ်ကြောင်း၊ မိမိကိုယ်ကိုတိုးတက်အောင် တစိုက်မတ်မတ် လေ့လာသွားရမည်ဖြစ်ကြောင်း၊ ဘာသာရပ်ဆိုင်ရာ သင်တန်းဆရာများ၏ ပို့ချသော သင်ခန်းစာများကို ဂရုတစိုက်သင်ယူကြရန်လို ကြောင်း၊ ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ နေထိုင်ကြရန်နှင့် ပါတီနိုင်ငံရေးလုပ်ခြင်း မပြု ကြရန်လိုကြောင်း၊ ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားသင်ယူစေလိုကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါသင်တန်းတွင် သင်တန်းနည်းပြအဖြစ် ဌာနမှ တာဝန်ရှိသူများက သက်ဆိုင်ရာဘာသာရပ်အလိုက် သင်ကြားခဲ့ကြပြီး သင်တန်းသားဦးရေ စုစုပေါင်း(၁၂)ဦး တက်ရောက်ခဲ့ကြပါသည်။
စားသုံးသူရေးရာဦးစီးဌာန(ကယားပြည်နယ်)