တာချီလိတ်ကုန်သွယ်ရေးစခန်းနှင့် ကျိုင်းတုံ ပို့ကုန်/သွင်းကုန်ရုံး၏ အောက်တိုဘာလအတွင်း ကုန်သွယ်မှု အခြေအနေ

Powered by Drupal

တာချီလိတ်ကုန်သွယ်ရေးစခန်းနှင့် ကျိုင်းတုံ ပို့ကုန်/သွင်းကုန်ရုံး၏ ၂၀၂၁ခုနှစ် အောက်တိုဘာလအတွင်း ကုန်သွယ်မှုအနေဖြင့် တာချီလိတ်နယ်စပ်(မယ်ယန်း) ကုန်သွယ်ရေးစခန်းမှတဆင့် ကြက်သွန်ဖြူ၊ လက်ဖက်ခြောက်၊ တံမြက်စည်း၊ ကော်ဖီစေ့၊ ထောပတ်သီး၊ နှမ်းမည်းစေ့၊ ဆန်၊ ကြက်သွန်နီ၊ ဘူးခွံ၊ ပလက်စတစ်ပုလင်း၊ ကတ်ထူပြား၊ ပျဉ်ပြား၊ ကျွန်းသစ်များ၊ သစ်ခွဲသားများ၊ ဒီဇယ်ဆီ၊ မော်တာဓာတ်ဆီ၊ ဘိလပ်မြေ၊ အဝတ်လျှော်ဆပ်ပြာမှုန့်၊ အချိုမှုန့်၊ မီးအုတ်၊ နေကြာစေ့၊ သံချောင်း၊ Tolite Tissue paper ၊ ပဲပုတ်၊ Activated Carbon ၊ ကွန်ကရစ်သွပ်မိုး၊ကြွေထည်ပစ္စည်း၊ ဖိုင်ဘာဘုတ်ပြား၊ သန့်စင်ပြီးပဲပုပ်ဆီ၊ Two Wheels ထွန်စက်၊ ကွန်ကရစ်တိုင် စသည့်ပစ္စည်းများ တင်သွင်းခဲ့ပါသည်။ ကျိုင်းတုံမြို့မှ သွင်းကုန်များအနေဖြင့် ဆီစိမ်စက္ကူ၊ သစ်တော်သီး၊ ပန်းသီး၊ ရေမြှုပ်၊ ဘက်ထရီ၊ LED video wall နှင့် ဆက်စပ်ပစ္စည်းများ၊ ကောဖတ်ပြား၊ မီးဖိုချောင်သုံး အလေးချိန်စက်၊ ကလေးဝတ်အနွေးဦးထုပ်၊ Monosodium Glutamate ပါဝင်သော အစားအစာများ၊ PVC တံခါး၊ မှန်ချပ်၊ PVC ပိုက်၊ အောက်ဆီဂျင်စက်အစုံ စသည့်ပစ္စည်းများဖြစ်ပြီး နှမ်းမည်းစေ့ တန် (၆၀) အား တင်ပို့နိုင်ခဲပါသည်။
၂၀၂၁ခုနှစ် အောက်တိုဘာလအတွင်း ကျိုင်းတုံ ပို့ကုန်/သွင်းကုန်ရုံးနှင့် တာချီလိတ်ကုန်သွယ်ရေးစခန်း(မယ်ယန်း) ပို့ကုန်/သွင်းကုန်ရုံးတို့၏ ကုန်သွယ်မှုပမာဏသည် ယခင်လထက် လျော့နည်းခဲ့ကြောင်း တာချီလိတ်ကုန်သွယ်ရေးစခန်းမှ သတင်းရရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန(ရှမ်းပြည်နယ်)