သာပေါင်းမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေး

Powered by Drupal

      ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တာဝန်ခံသည် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ထွေအုပ်အဖွဲ့နှင့် ပူးပေါင်း၍ ဩဂုတ်လ(၁၆)ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် သာပေါင်းမြို့နယ်၊ လှေကြီးတက်ကျေးရွာရှိ မိဘမေတ္တာ စက်သုံးဆီအရောင်းဆိုင်သို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စက်သုံးဆီနှင့်ပတ်သက်၍ သတ်မှတ်ထားသောဈေးနှုန်းနှင့် ရောင်းချခြင်းရှိစေရန်၊ အချိန်အတွယ်မှန်ကန်မှုရှိစေရန် စသည်တို့အား စစ်ဆေးဆောင်ရွက်ခဲ့ပြီး စားသုံး သူများ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)