မြန်အောင်မြို့နယ်အတွင်းရှိ ကနောင်မြို့တွင် စားသုံးဆီများဈေးနှုန်းသက်သာစွာ ရောင်းချပေးခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန မြန်အောင်မြို့နယ်၊မြို့နယ်တာဝန်ခံသည် မြန်အောင်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍ (၁၁.၈.၂၀၂၃) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကနောင်မြို့၊ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဈေးကားဖြင့် စားအုန်းဆီ (၁)ပိဿာလျှင် (၄၆၀၀) ကျပ်နှုန်း၊ လူတစ်ဦးလျှင် (၅၀)ကျပ်သားနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးနေမှုအား ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကြီးကြပ်ဆောင်ရွက်ရာ၌ စားသုံးသူပြည်သူများ အဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရေး၊ ဈေးနှုန်းသက်သာစွာဖြင့် တိုက်ရိုက်ဝယ်ယူနိုင်ရေး၊ မည်သူမဆိုလွတ်လပ်စွာ ဝယ်ယူနိုင်ကြောင်းနှင့် စားအုန်း ဆီဝယ်ယူရာတွင် စနစ်တကျရှိစေရေး၊ လာရောက်ဝယ်ယူသူများအား စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူကာကွယ်ရေးအသိပညာပေး အကြောင်းအရာများအား မြို့နယ်တာဝန်ခံက ရှင်းလင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)