နယ်စပ်ကုန်သွယ်ရေးစခန်း မူဆယ်(၁၀၅)မိုင်၏ ဇွန်လ၊ ပထမပတ် ကုန်သွယ်မှုအခြေအနေ

Powered by Drupal

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကုန်သွယ်မှုဖြင့် တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်လျက်ရှိသည့်အားလျော်စွာ ပို့ကုန်ပမာဏတိုးမြှင့်တင်ပို့နိုင်ရေးနှင့် ပို့ကုန်အမယ်သစ်များ ရှာဖွေတင်ပို့နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ နယ်စပ်ကုန်သွယ်ရေးပိုင်းတွင် ရှမ်းပြည်နယ်အနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်(၁၀၅)မိုင်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်နယ်စပ်တို့တွင် ကုန်သွယ်မှုများစွာ လုပ်ဆောင်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)နယ်စပ် ကုန်သွယ်ရေးစခန်း မူဆယ်(၁၀၅)မိုင်၏ ဇွန်လပထမပတ်အတွင်း ကုန်သွယ်မှုအခြေအနေများမှာ ဖရဲသီး တစ်ပိဿာလျှင် အနိမ့်ဆုံးဈေး ၄၀၅ ကျပ်မှ အမြင့်ဆုံးဈေး ၂၀၂၄၅ ကျပ်ဖြင့် တန်ချိန်ပေါင်း (၆၈၉၄)တန် ကိုလည်းကောင်း၊ သရက်သီး တစ်ပိဿာလျှင် ၄၀၅ ကျပ်မှ ၂၂၂၇ ကျပ်ဖြင့် တန်ချိန်ပေါင်း (၂၆၄၃) တန် ကိုလည်းကောင်း၊ ဆန် တစ်တင်းလျှင် ၁၉၄၀၇ ကျပ်မှ ၁၉၇၄၅ ကျပ်ဖြင့် တန်ချိန်ပေါင်း (၆၉)တန်ကိုလည်းကောင်း၊ ပဲတီစိမ်းတစ်တင်းလျှင် ၃၄၁၀၉ကျပ်မှ ၃၆၇၃၄ကျပ်ဖြင့် တန်ချိန်ပေါင်း (၆၈၄၁.၂) တန် ကိုလည်းကောင်း၊ ဆန်ကွဲတစ်တင်းလျှင် ၁၄၅၁၈ ကျပ်မှ ၁၉၉၁၄ကျပ်ဖြင့် တန်ချိန်ပေါင်း (၄၂၅၆.၅)တန် တင်ပို့နိုင်ခဲ့ပါသည်။   

          မြေပဲဆံတစ်တင်းလျှင် ၃၆၈၃၃ကျပ်မှ ၄၀၅၁၈ကျပ်ဖြင့် (၁၀၃၈.၅)တန်ကိုလည်းကောင်း ပဲယင်းတစ်တင်း လျှင် ၂၃၆၁၇ကျပ်မှ ၂၂၆၂၄၂ကျပ်ဖြင့် (၅၀၈.၅)တန်ကိုလည်းကောင်း၊ ပဲကြီးတစ်တင်းလျှင် ၂၄၈၅၅ကျပ်မှ ၂၆၈၇၉ ကျပ်ဖြင့် (၃၃)တန်ကိုလည်းကောင်း၊ သကြားတစ်ပိဿာ ၁၄၁၇ကျပ်မှ ၁၄၂၉ကျပ်ဖြင့် (၆၈.၅)တန်ကိုလည်းကောင်း၊ မတ်ပဲတစ်တင်းလျှင် ၃၄၁၀၉ကျပ်မှ ၃၆၇၃၄ကျပ်ဖြင့် (၃၂)တန်ကိုလည်းကောင်း၊ ပဲပုပ်စေ့တစ်တင်းလျှင် ၂၁၈၄၃ကျပ်မှ ၂၃၈၂၃ကျပ်ဖြင့် (၁၃၄)တန်ကိုလည်းကောင်း၊ ကြက်သွန်နီ တစ်ပိဿာ ၅၈၈ ကျပ်မှ ၇၀၀ကျပ်ဖြင့် (၂၃၀၉.၄)တန်ကိုလည်းကောင်း၊ နှမ်းတစ်တင်းလျှင် ၄၅၄၄၂ကျပ်မှ ၄၇၂၃၀ကျပ်ဖြင့် (၁၀၈၀.၁)တန်ကိုလည်းကောင်း၊ ပဲနီကြားတစ်တင်းလျှင် ၂၀၉၉၂ကျပ်မှ ၂၆၂၄၂ကျပ်ဖြင့် (၁၇၅)တန်ကို လည်းကောင်း တင်ပို့နိုင်ခဲ့ပါသည်။ ထောပတ်ပဲတစ်တင်းလျှင် ၂၈၈၆၀ကျပ်မှ ၃၄၁၀၉ကျပ်ဖြင့် (၆၇)တန်ကို လည်းကောင်း၊ ပဲလွန်းဖြူတစ်တင်းလျှင် ၂၀၉၉၂ကျပ်မှ ၂၃၆၁၇ကျပ်ဖြင့် (၁၃၇)တန်ကိုလည်းကောင်း၊ ပဲတီစိမ်းခြမ်းတစ်တင်းလျှင် ၄၉၈၅၁ကျပ်မှ ၅၅၁၀၁ကျပ်ဖြင့် အသီးသီးတင်ပို့နိုင်ခဲ့ပြီး ယခုတစ်ပတ်မှာ ကျွဲ၊ နွား၊ ဆိတ်များကိုတော့ တိရစ္ဆာန် ကျန်းမာရေးစခန်း(AQC)တွင် ယာယီထိန်းသိမ်းထားရှိနေတာဖြစ်လို့ အရောင်းအဝယ် မရှိဘဲ မူဆယ်မြို့တွင်းရှိ ဆိတ်ခြံ(၇)ခြံတွင် ဆိတ်လက်ကျန်အနေဖြင့် (၆၃၅၀)ကောင်ရှိနေကြောင်း သတင်းရရှိပါတယ်။

ရှမ်းပြည်နယ်(DOCA)