ဖုန်းဆိုင်ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားခြင်း

Powered by Drupal

          ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် xxxxxxx ဆိုင်မှ xxxxxxx tab S4 အား ဝယ်ယူခဲ့ရာ အဆိုပါ ဖုန်းအား အသစ်ဟုပြောဆို၍ ရောင်းချခဲ့ပြီး warranty စစ်ဆေးချိန်တွင် ဖုန်းသက်တမ်းမှာ ရက်ပေါင်း ၇၀၀ ကျော်ရှိနေကြောင်း တွေ့ရှိရသဖြင့် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ဆက်သွယ်တိုင်ကြားလာပါသည်။

           အဆိုပါတိုင်ကြားမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက xxx ဆိုင်သို့ ၂၂-၁၀-၂၀၂၀ ရက်နေ့နှင့် ၁၅-၁-၂၀၂၁ ရက်နေ့တို့တွင် ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေး အကြောင်းကြားဆက်သွယ်ခဲ့ရာ အကြောင်းပြန်ကြားမှုမရှိသဖြင့် ၂၂-၃-၂၀၂၁ ရက်နေ့၌ တိုင်ကြားသူထံသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် xxx ဆိုင်မှ တိုင်ကြားသူသို့ Refund ငွေကျပ် ၄၂၀၀၀၀/- အား ပြန်လည်ပေးအပ်ပြီးဖြစ်ကြောင်း အကြောင်းပြန်ကြားချက်ရရှိသဖြင့် အမှုအား ပိတ်သိမ်း ဆောင်ရွက်ခဲ့ပါသည်။