ပြည်တွင်းကုန်သွယ်မှုသတင်းများ
တောင်ငူခရိုင်၊ ဖြူးမြို့၊ မြို့မဈေးကြီးအတွင်းရှိ သစ်သီးဆိုင်များတွင် ဒေသထွက်သစ်သီးများအပြင် အထက်အညာဒေနှင့် ရှမ်းပြည်နယ်တို့မှထွက်ရှိသော သစ်သီးများကို အများဆုံးရောင်းချလျက်ရှိရာ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်အတွင်း ဖရဲသီးနှင့် နာနတ်သီးမှာ ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ပါသည်။

တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဖြူးမြို့၊ မြို့မအရှေ့ရပ်ကွက်၊ ၄လမ်းရှိ ဒေါ်စန်းစန်းနေအိမ်တွင် မိသားစုတစ်နိုင်တစ်ပိုင်ထုတ်လုပ်လျက်ရှိသော သီးစုံအချိုရည်နှင့် ဂျယ်လီဘူးများမှာ ရောင်းအာကောင်းလျက်ရှိပါသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ စတုတ္ထပတ်၌ ကြက်သွန်နီအလတ်စတစ်ပိဿာ ၃၀၀၀ ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းအလတ်) တစ်ပိဿာ ၈၀၀၀ ကျပ်၊ ငရုတ်ခြောက် တစ်ပိဿာ ၁၂၀၀၀ ကျပ်၊ ကြက်သား (P) တစ်ပိဿာ ၉၀၀၀ ကျပ်၊ ဝက်သား (၃-ထပ်သား) တစ်ပိဿာ ၂၀၀၀၀ ကျပ်၊ အမဲသား တစ်ပိဿာ ၁၆၀၀၀ ကျပ်၊ ဆိတ်သားတစ်ပိဿာ ၂၀၀၀၀ ကျပ်၊ ငါးမြစ်ချင်း (ခုတ်သား) တစ်ပိဿာ ၁၂၀၀၀ ကျပ်၊ ကြက်ဥ တ
တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ မိုးစပါးစိုက်ဧက ၁၅၀၈၂၆ဧကရှိရာ စက်တင်ဘာလ လကုန်ပိုင်းမှစ၍ စတင်ရိတ်သိမ်းနေပြီဖြစ်ပါသည်။ အောက်တိုဘာလ ၄ရက်နေ့အထိ ၁၅၄၂ဧကရိတ်သိမ်းပြီးစီးခဲ့ပြီး တစ်ဧကလျှင် တင်း ၇၀ခန့်ထွက်ရှိကြောင်းသိရပါသည်။ စပါးပေါက်ဈေးမှာ နှံကောက် တင်း ၁၀၀လျှင် ၁၅၀၀၀၀၀ကျပ်နှင့် ဆင်းသုခ တင်း၁၀၀လျှင် ၁၅၂၀၀၀၀ကျပ်ရှိပါသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ စတုတ္တပတ်အတွင်း စစ်တွေမြို့မဈေးအတွင်း အခြေခံစားကုန်များဖြစ်သော ပေါ်ဆန်း၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်(၁၀၀၀၀၀ မှ ၁၀၃၀၀၀) အတွင်း၊ ဧည့်မထ (သီရိဒုံ) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် (၈၂၀၀၀ မှ ၈၄၀၀၀)အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) ၁၀ ပိဿာ တစ်အိတ်လျှင် ကျပ် (၇၈၀၀၀ မှ ၈၀၀၀၀) အတွင်း၊ ကြက်သွန်ဖြူ (ရှမ်းကြီး) ၁၀
