ပြည်တွင်းကုန်သွယ်မှုသတင်းများ
တောင်ငူမြို့နယ် ငါးဖယ်အင်းကျေးရွာအုပ်စုတွင် တောင်သူလယ်သမားများ မိုးစပါးများ ကို ရိတ်သိမ်းနေပြီဖြစ်ပါသည်။ ဗျော့ထွန်းစပါးနှင့် နှံကောက်စပါးများကို စိုက်ပျိုးကြပါသည်။ စပါး ရိတ်သိမ်းချွေလှေ့ခမှာ ယခင်နှစ်က တစ်ဧကလျှင် ၈၀၀၀၀ ကျပ်ရှိခဲ့ရာမှ ယခုနှစ်တွင် ရိတ်သိမ်း ချွေလှေ့ခ တစ်ဧကလျှင် ၁၂၀၀၀၀ ကျပ် ရှိပါသည်။
တောင်ငူဒေသပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် ဟင်းသီးဟင်းရွက်များကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသူများပေါများပါသည်။ မိမိတို့စိုက်ခင်းများမှထွက်ရှိသော ဟင်းသီးဟင်းရွက်တို့ကို တောင်ငူမြို့ရှိ ဘုရင့်နောင်ဈေးနှင့် ညောင်ပင်ဈေးများသို့ ကိုယ်တိုင်ရောင်းချ၍သော်လည်းကောင်း တစ်ဆင့်ပြန်လည်ရောင်းချသူများအား ဖောက်သည်ပေး၍သော်လည်းကောင်း ရောင်း

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်ရှိ ဒိုးအင်းကျေးရွာအုပ်စုတွင် ကြံခင်းများအောင်မြင်ဖြစ်ထွန်းနေကြောင်းတွေ့ရပါသည်။ ကြံသည် နိုင်ငံတော်၏ အဓိကသီးနှံ ၁၀မျိုးတွင် တစ်ခုအပါအဝင်ဖြစ်သဖြင့် ပန်းတိုင်အထွက်နှုန်းထွက်ရှိစေရန်အတွက် အားပေးဆောင်ရွက်လျက်ရှိပါသည်။ ကြံကို စပါးစိုက်ပျိုးရန်ခက်ခဲသည့် သဲဆန်သောမြေများနှင့် ကုန်းကျ

ဖြူးမြို့၊ အနောက်တောင်ယာတောများတွင်စိုက်ပျိုးသော သီးမွှေးငှက်ပျောသီးမှာ ဖြူးမြို့၊ စည်ပင်သာယာဈေးတွင် ဈေးကွက်ဖြစ်ထွန်းလျက်ရှိပါသည်။ ဖြူးဒေသထွက် သီးမွှေးငှက်ပျောသီးမှာ အရသာကောင်းမွန်သောကြောင့် ဒေသတွင်းသာမက အခြားမြို့ရွာများအထိ နာမည်ကျော်လျက်ရှိပါသည်။

တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မိုးစပါးစိုက်ဧက ၈၀၇၄၄ဧကရှိပြီး ၂၀၂၃ခုနှစ်၊ အောက်တိုဘာလတွင် ၉၃၀၀ဧကခန့်ရိတ်သိမ်းပြီးဖြစ်ပါသည်။ စပါးဈေးနှုန်းမှာ ၅၄ပေါင်ပါ တစ်တင်းလျှင် အစိုဓာတ် ၂၅%ပါဝင်ပြီး တင်း၁၀၀လျှင် ကွင်းဈေး ၁၅၉၀၀၀၀ကျပ်ရှိကာ မြို့ပေါ်ရှိစက်ရုံအရောက်ဈေးမှာ ၁၆၅၀၀၀၀ကျပ်ရှိပါသည်။
