ပြည်တွင်းကုန်သွယ်မှုသတင်းများ

Powered by Drupal
22 Feb 2024

    ရေသည် လူနှင့်သက်ရှိသတ္တဝါမှန်သမျှအတွက် မရှိမဖြစ်လိုအပ်သောအရာဖြစ်ရုံသာမက အပင်များအားလုံးအတွက်လည်း မရှိမဖြစ်လိုအပ်ပါသည်။ “ထမင်းအသက် ခုနှစ်ရက်၊ ရေအသက် တစ်မနက်” ဟူ၍ပင် ညွှန်းဖွဲ့ပြောဆိုလေ့ရှိကြသည်။ လူတို့သည် ရေကို ထမင်းဟင်းချက်ပြုတ်ရန်၊ သောက်သုံးရန်၊ ဆေးကြောရန်၊ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိစေရန်အတွက် အသုံးပြုကြပါသည်။

22 Feb 2024

     မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများကိုနေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

22 Feb 2024

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်သည် စိုက်ပျိုးရေးဒေသဖြစ်သော်လည်း စပါးစိုက်ဧကနည်းပြီး ဆန်မှာအခြားတိုင်းဒေသကြီးများမှ ဝယ်ယူတင်သွင်းရသောဒေသဖြစ်ပါသည်။ မင်းလှမြို့သို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ ရေဦးမြို့နှင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မင်းဘူးမြို့၊ စလင်းမြို့၊ ဆင်ဖြူကျွန်းမြို့နှင့် ဧရာဝတီတို

22 Feb 2024

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သည့် ယာကွက်များ၊ ကိုင်းကွင်းများဘေး၌ သဘာဝအလျောက် အလေ့ကျပေါက်ရောက်လေ့ရှိသော ဆီးချဉ်ပင်များ၊ ဆီးချိုပင်များမှထွက်ရှိသည့်ဆီးသီးအစို၊ အခြောက်များနှင့် ဆီးစေ့များကို ကောက်ယူရောင်းချသူများအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်းသိရှိရပါသည်။

22 Feb 2024

     မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ရွာသာကုန်း၊ ပေါက်စု၊ ချွန်းစုကျေးရွာရှိ တောင်သူများသည် မြေအောက်ရေကိုအသုံးပြု၍ မေမြို့ပန်းများစိုက်ပျိုးရောင်းချလျက်ရှိရာ ယခုနှစ်တွင် အပင်များအောင်မြင်ဖြစ်ထွန်းပြီး နုတ်ယူရောင်းချချိန်၌ ဈေးကောင်းရရှိ၍ အဆင်ပြေလျက်ရှိကြောင်းသိရှိရပါသည်။

Pages