ပြည်တွင်းကုန်သွယ်မှုသတင်းများ
နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ဆောင်းသီးနှံများဖြစ်သော ပဲမျိုးစုံကိုလည်းစိုက်ပျိုးလျက်ရှိသည့်အနက် မတ်ပဲနှင့်ပဲတီစိမ်းကို အဓိကထားစိုက်ပျိုးလျက်ရှိပါသည်။ (၂၀၂၃-၂၀၂၄) ခုနှစ်၌ မတ်ပဲစိုက်ဧက (၁၈၉၉၇)ဧကနှင့် ပဲတီစိမ်းစိုက်ပျိုးမှု (၂၇၅၄၄)ဧကစိုက်ပျိုးခဲ့ပြီး (၁၅-၂-၂၀၂၄) ရက်နေ့အထိ မတ်ပဲ (၁၄၂၃၇) ဧကရိတ်သိမ်းပြီးစီး၍ အထွက်နှု

မရမ်းပင်ကို ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ကျေးရွာတချို့တွင် မိမိတို့အိမ်ခြံဝန်းအတွင်း (၁/၂) ပင်ခန့်စိုက်ပျိုးကြပါသည်။ အချိုသီးနှင့်အချဉ်သီးဟူ၍ မရမ်းပင်နှစ်မျိုးကိုစိုက်ပျိုးကြပြီး မရမ်းသီး (အကင်း) ကို အများအားဖြင့် အချဉ်ပင်မှ ခူးဆွတ်ရောင်းချကြပါသည်။ အချိုသီးကို အသီးမှည့်ချိန်မှစ၍ ခူးဆွတ်ရောင်းချကြပါသည်။ ဒေသခံများက

ကွမ်းရွက်ကို ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ချောင်းကမ်းကြီး၊ သခွတ်ကုန်း၊ ဖောင်ချောင်း၊ ရှားစေးဖို၊ စံကြီးလောင့်၊ ဂွေ့ကြီး၊ ကြွက်နွယ်တော စသည့်ကျေးရွာများတွင် တစ်ပိုင်တစ်နိုင်စီးပွားဖြစ်စိုက်ပျိုးကြပါသည်။

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ရှိ မတ်ပဲဈေးကွက်အခြေအနေမှာ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်နှင့် စတုတ္ထပတ်တို့တွင် ပိဿာ(၂၀)ဝင်တစ်တင်းလျှင် (၉၅၀၀၀)ကျပ်ဖြစ်ခဲ့သော်လည်း ဖေဖော်ဝါရီလ ပထမပတ်နှင့် ဒုတိယပတ်တို့တွင် (၁၀၀၉၀၀)ကျပ်ရှိခဲ့သဖြင့် (၅၉၀၀)ကျပ်ထိဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ ပဲပုတ်(၂၀)ပိဿာဝင် တစ်တင်းလျှင် (၅၇၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် စပါးဈေးကွက်အနေဖြင့် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ဆင်းသုခ၊ မနောသုခ(၄၆)ပေါင်စပါးတင်း(၁၀၀)လျှင် (၁၈၄၀၀၀၀) ကျပ်ရှိခဲ့ပြီး ဖေဖော်ဝါရီလ ပထမပတ်တွင် (၁၉၃၂၀၀၀)ကျပ်ဈေးနှုန်းသို့မြင့်တက်လာခဲ့ပြီး ဖေဖော်ဝါရီလ ဒုတိယပတ်တွင် အရောင်းအဝယ်မရှိဘဲ ဈေးအေးလျက်ရှိကြောင်း သိရှိရပါသည
