ပြည်တွင်းကုန်သွယ်မှုသတင်းများ

Powered by Drupal
22 Feb 2024

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် စပါးဈေးကွက်အနေဖြင့် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ဆင်းသုခ၊ မနောသုခ(၄၆)ပေါင်စပါးတင်း(၁၀၀)လျှင် (၁၈၄၀၀၀၀) ကျပ်ရှိခဲ့ပြီး ဖေဖော်ဝါရီလ ပထမပတ်တွင် (၁၉၃၂၀၀၀)ကျပ်ဈေးနှုန်းသို့မြင့်တက်လာခဲ့ပြီး ဖေဖော်ဝါရီလ ဒုတိယပတ်တွင် အရောင်းအဝယ်မရှိဘဲ ဈေးအေးလျက်ရှိကြောင်း သိရှိရပါသည

22 Feb 2024

     ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လက်ပံတန်းမြို့နယ်မှ ဒု-ဦးစီးမှူး ဦးကိုကိုနိုင်သည် လက်ပံတန်းမြို့နယ်၊ တော်လသကျေးရွာရှိ တောင်သူဦးမောင်မြင့်ထံသို့ (၁၄-၂-၂၀၂၄) ရက်နေ့တွင်သွားရောက်၍ မေးမြန်းကွင်းဆင်းခဲ့ရာ မတ်ပဲအထွက်နှုန်းမှာလည်း ယခင်နှစ်ထက်သာလွန်၍ထွက်ရှိပြီး အကျိုးအမြတ်များစွာရရှိ‌နေကြောင်း၊ သာယာဝတီခရိုင်အတွင်းရှိ

22 Feb 2024

       စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကအားထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းများ ပိုမိုကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကို စိုက်ပျိုးသူတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိကြောင်း သိရသည်။

22 Feb 2024

      စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်၌ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ  ၁၅ ရက် နေ့အတွင်း ဖြစ်ပေါ်ခဲ့သော စပါး၊ ဆန်ဈေးနှုန်းများမှ ရွှေဘိုပေါ်ဆန်းစပါးတင်း(၁၀၀)လျှင် ငွေကျပ် ၃၅၀၀၀၀၀ ၊ ဧရာမင်းစပါတင်း(၁၀၀)လျှင် ငွေကျပ်၂၇၀၀၀၀၀ နှင့် ရွှေဘိုပေါ်ဆန်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ငွေကျပ် ၁၃၀၀၀၀ ၊ ဧရာမင်းဆန်၂၄ ပြည်ပါ တစ်အိတ်လျှင်

22 Feb 2024

    ပြည်ခရိုင်၊ ပြည်မြို့၏ဈေးကွက်များတွင် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ မရမ်းသီးများအနည်းငယ်ဝင်ရောက်စပြုနေသည်ကိုတွေ့ရပါသည်။ ပေါ်စအချိန်တွင် မရမ်းသီးများမှာ ရေလောင်း၍စိုက်ပျိုးထားခြင်းကြောင့် ဆီးသီးအရွယ်လောက်ရှိပြီး တစ်ဆယ်ကျပ်သားလျှင် (၄၀၀၀)ကျပ်ဖြင့်ရောင်းချသော်လည်း ဈေးတိုင်းတွင်မရှိဘဲ ရှိသည့်ဈေးတွင် ဈေးသည်တစ်ဦး/ နှစ်ဦး

Pages