ပြည်ပကုန်သွယ်မှုသတင်းများ
ရာသီအလိုက် စားအုန်းဆီထုတ်လုပ်မှု နှေးကွေးကျဆင်းခြင်းသည် ပွဲတော်ရာသီကာလ ဝယ်လိုအားကို ဖြည့်ဆည်းရန်အတွက် တင်ပို့မှုများ မြင့်တက်လာချိန်နှင့် တိုက်ဆိုင်နေမှုအရ မလေးရှားနိုင်ငံ၏ စားအုန်းဆီလက်ကျန်များသည် လာမည့်လများအတွင်း ကျဆင်းလျက် နှစ်ကုန် ဆုံးချိန်၌ လက်ကျန်တန်ချိန် ၁.၇ သန်း ဝန်းကျင်ခန့်ရှိမည်ဟု စားအုန်းဆီ ကြီးကြပ်မှု အာဏာပိုင်က ပြောကြားခဲ့ကြောင်း The Edge Malaysia သတင်းဌာနက စက်တင်ဘာလ ၂၉ ရက်နေ့တွင် ဖော်ပြ ပါသည်။

ပြည်ပသို့ ဘာစမာတီမဟုတ်သောဆန်များ တင်ပို့ရာတွင် ကုန်အရောင်းစာချုပ်များကို မဖြစ်မနေ မှတ်ပုံတင်ရန် အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် အဆိုပါ ဆန်မျိုးများကို အိန္ဒိယ၏ ထုတ်ကုန် အမှတ်တံဆိပ်တစ်ခုအဖြစ် မြှင့်တင်နိုင်ရန်အတွက် အိန္ဒိယအစိုးရသည် ဆန်ပို့ကုန် တစ်တန်လျှင် ၈ ရူပီးနှုန်းဖြင့် မှတ်ပုံတင်ကြေး စည်းကြပ်ကောက်ခံရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ အနေဖြင့် ကုန်သွယ်ရေးသဘောတူညီချက်တစ်ရပ် ရရှိနိုင်ရန်အတွက် စေ့စပ် ကမ်းလှမ်းမှုများ၏ တစ်စိတ်တစ်ဒေသအဖြစ် အမေရိကန်ထံမှ စွမ်းအင်ထုတ်ကုန်များ အမြောက် အမြား ဝယ်ယူခြင်းအပြင် အီသနောထုတ်လုပ်ရာ၌ အသုံးပြုရန် ပြောင်းများကိုလည်း ဝယ်ယူဖွယ် ရှိကြောင်း Economic Times သတင်းဌာနက ဖော်ပြပါသည်။

ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုသည် ၂၀၂၅ ခုနှစ် ပထမ (၈)လအတွင်း သိသိသာသာ ကျဆင်းခဲ့ ပြီး ကမ္ဘာ့စျေးကွက်တွင် ထုတ်လုပ်မှုပိုလျှံခြင်း၊ သွင်းကုန်ဝယ်လိုအား ကျဆင်းခြင်းနှင့် ထိုင်းဘတ် ငွေ တန်ဖိုးတက်လာခြင်းတို့ကြောင့် ဆန်တင်ပို့မှုပမာဏနှင့် ဈေးနှုန်းတို့ ကျဆင်းခဲ့သည်။

မစ်ဆိုရီတက္ကသိုလ်မှသုတေသနပညာရှင်များက ကျန်းမာရေးနဲ့ပတ်သက်ပြီး အချက် အလက် တစ်ခုကို ရှာဖွေဖော်ထုတ်လိုက်နိုင်ပါတယ်။ အဲဒီအချက်အလက်က တော့ လေ့ကျင့်ခန်း လုပ်ခြင်းက ဦးနှောက် ရဲ့ကျန်းမာရေးကိုကောင်းစေတယ်ဆိုတာပါပဲ။ အထူးသဖြင့် မှတ်ဉာဏ် လျော့နည်း ကျဆင်းမှုကို ကာကွယ်ပေးနိုင်တယ်ဆို တဲ့အချက်ဖြစ်ပါတယ်။

နှလုံးအစားထိုးကုသဖို့လိုအပ်လာတဲ့ ကလေးငယ်များဟာ တစ်ခါတစ်ရံမှာ အစားထိုး ရမယ့်နှလုံးကိုစောင့်ဆိုင်းရင်း သေဆုံးသွားခဲ့ရပါတယ်။ အကြောင်းရင်းကတော့အစားထိုးရမယ့် နှလုံးရှားပါးမှုကြောင့်ပါ။ ဒါကြောင့် ပညာရှင်များက ကလေးများအတွက်နည်းလမ်း တစ်ခုကို ကြံစည်စဉ်းစားလာကြပါတယ်။ ဒီနေရာမှာ သူတို့တွေ့ရှိလိုက်တဲ့ နည်းလမ်းကတော့နှလုံး အစားထိုး ကုသမယ့်ကလေးတွေကိုဝက်ရဲ့နှလုံးခေတ္တအစားထိုး ပ

လူတစ်ယောက်ဟာ ရုတ်တရက်သေဆုံးသွားရတယ်ဆိုတာ အကြောင်းရင်း များစွာရှိနိုင်ပါတယ်။ အဲဒီအကြောင်းရင်း တွေတစ်ခုမှာ ရုတ်တရက်နှလုံးရပ်ခြင်း လည်းပါဝင်ပါတယ်။ အခုအဲဒီလိုမျိုးနှလုံး ရပ်ခြင်းကို ပြန်လည်ကောင်းမွန်စေမယ့် ကုထုံးတစ်ခုကို ပညာရှင်များကဖော်ထုတ် လိုက်နိုင်ပါပြီ။ အဲဒီကုထုံးကိုတော့ မျိုးရိုး ဗီဇကုထုံးလို့ခေါ်ပါတယ်။ လက်ရှိ ဒီကုထုံး ကိုတိရစ္ဆာန်တွေနဲ့စမ်းသပ်ရာမှာ အောင် မြင်မှုတွေရနေတယ်ဆိုတာကိုတွေ့

မြောက်ကာရိုလိုင်းနားပြည်နယ်တက္ကသိုလ်မှသုတေသနပညာရှင်များလုပ်တဲ့ သုတေသန တစ်ခုမှာ လူအများစုစားနေကျဖြစ်တဲ့ နံနက်စာများဟာ မိမိတို့ရဲ့အူလမ်းကြောင်းကို ထိခိုက်စေ တယ်လို့ တွေ့ရှိ ထားပါတယ်။

သုတေသနပညာရှင်များအနေနဲ့ ၁၆ နှစ်ကြာလုပ်ဆောင်ထားတဲ့ သုတေ သနတစ်ခု အရဆိုရင် သွေးတိုး ခြင်းအပါအဝင် အခြားသော ကျန်းမာရေးအန္တရာယ်ငါးခု က ဦးနှောက်ကို မြန်ဆန်စွာ ပျက်စီးစေနိုင်တယ်လို့ဆိုပါတယ်။ အခုသုတေသနကို တရုတ်ပညာရှင်များက လုပ်ထားတာပါ။ ဦးနှောက်ကိုမြန်ဆန်စွာပျက်စီးစေနိုင်တဲ့အန္တရာယ်ငါးသွယ်ထဲမှာ ပါဝင်တာ တွေက သွေးတိုးခြင်း၊ သွေးတွင်းသကြားဓာတ်မြင့်မားခြင်း၊ ခရီတီနိုင်းပမာဏ မြင့်မားခြင်း၊ ဆေးလိပ်သော

ရှစ်နှစ်ကြာသုတေသနပြုလေ့လာမှုတစ်ခုမှာ အကြားအာရုံကျန်းမာရေးကမှတ်ဉာဏ် ကျဆင်းမှုနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ အချက် တစ်ချက်ကို ပညာရှင်များကတွေ့ရှိလိုက်ပါတယ်။ ပညာရှင်များက ဘရာဇီးနိုင်ငံသား ၈၀၅ ဦးကိုရှစ်နှစ်ကြာလေ့လာမှု တွေလုပ်ခဲ့တာပါ။ သူတို့ရဲ့ လေ့လာမှု အရတွေ့ရှိချက်မှာတော့ အသက် ၅၀ ကျော်လာချိန် သက်လတ်ပိုင်းမှာတွေ့ကြုံရတဲ့ အကြားအာရုံချို့ယွင်းမှုက အသက်အရွယ်ရလာချိန်မှာ မှတ်ဉာဏ်ကျဆင်းမှုဖြစ်ပေါ်စေနိုင

ကိုဗစ်-၁၉ ရောဂါက အခုတလောနိုင်ငံတချို့မှာ ပြန်လည်ပျံ့နှံ့လာနေပါတယ်။ ဒီရောဂါ ကိုဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ် ဆိုတာကလည်း အခု အချိန်အထိကို ပျောက်ကွယ်သွားခြင်း မရှိသေးဘဲ မျိုးကွဲတွေတစ်မျိုးပြီးတစ်မျိုးပြောင်းလဲ ဖြစ်ပေါ်လာ နေဆဲဖြစ်တယ်လို့ ကျန်းမာရေး ပညာရှင်များစွာက သတိပေးထားပါတယ်။

နှလုံးဆိုတာ လူတစ်ဦးအတွက် မရှိမဖြစ်အရေး ပါတဲ့ ကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်ပါတယ်။ သို့ပေမယ့်လည်း နှလုံးဆိုတာမျိုးက အကြောင်း ရင်းတစ်ခုခု ကြောင့် ပျက်စီးမှုနဲ့ကြုံတွေ့ရနိုင်တဲ့ ကိုယ်တွင်း အင်္ဂါတစ်ခုလည်းဖြစ်ပါတယ်။ ဟိုအရင် တုန်းက နှလုံးပျက်စီးမှုနဲ့ ကြုံတွေ့ရရင် သေဆုံးခြင်းသာရှိပါတယ်။ နောက်ပိုင်းမှာတော့ နှလုံးကိုအစား ထိုးလာနိုင်တဲ့ ဆေးပညာ တိုးတက်မှုကြောင့် နှလုံးပျက်စီးမှုဟာ ပြဿနာကြီးတစ်ခုမဟုတ်တော့ပြန် ပါဘ

