ပြည်ပကုန်သွယ်မှုသတင်းများ
ဖိလစ်ပိုင်မှ ဆန်တင်သွင်းမှု ယာယီရပ်ဆိုင်းခဲ့ပြီးနောက် ဂါနာနိုင်ငံသည် စက်တင်ဘာလ
တွင် ဗီယက်နမ်၏ ဆန်အများဆုံးဝယ်ယူသူဖြစ်လာပြီး စုစုပေါင်းတင်ပို့မှု၏ ၂၂ ရာခိုင်နှုန်းနီးပါး ရှိလာသည်။
ဖိလစ်ပိုင်အစိုးရအနေဖြင့် ပြည်တွင်းသကြားဈေးကွက် တည်ငြိမ်မှုရှိစေရေးအတွက် ပြည်ပ မှ ဝယ်ယူတင်သွင်းမှုများအားလုံးကို လက်ရှိ ကြံကြိတ်ဝါးထုတ်လုပ်သည့် ရာသီကာလကုန်ဆုံးမည့် ၂၀၂၆ ခုနှစ် နှစ်လယ်ကာလတိုင်အောင် ယာယီဆိုင်းငံ့ထားရှိမည်ဟု စိုက်ပျိုးရေးဦးစီးဌာနက အောက်တိုဘာ ၁၅ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ကြောင်း Philstar.com သတင်းဝက်ဘ်ဆိုက် က ဖော်ပြပါသည်။
ဆန်ရောင်းလိုအား ပိုလျှံမှုနှင့် ဈေးနှုန်းများကျဆင်းမှု ဖြစ်ပေါ်နေချိန်၌ ဒေသခံတောင်သူ များအား ဆုံးရှုံးမှုများမှ ကာကွယ်ပေးရန်နှင့် ပြည်တွင်း စပါးဈေးနှုန်းများကို အနည်းငယ်မြှင့်တင် နိုင်ရန်အတွက် မူလက စီစဉ်ထားသည့် ၂ လကြာ ဆန်တင်သွင်းမှုဆိုင်းငံ့ခြင်းကို ၂၀၂၅ ခုနှစ် ကုန်ဆုံးချိန်အထိ တိုးမြှင့်ရန် ဖိလစ်ပိုင်အစိုးရက ဆုံးဖြတ်ထားပြီးဖြစ်ကြောင်းသိရှိရပါသည်။
မလေးရှားနိုင်ငံ၌ စားအုန်းဆီကြမ်းထုတ်လုပ်မှုသည် ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် တန် ချိန် ၁.၈၄ သန်းရှိပြီး ယခင်လထုတ်လုပ်မှုအောက် ၀.၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု မလေးရှား စားအုန်းဆီဘုတ်အဖွဲ့ (MPOB) ၏ ကနဦး အချက်အလက်များအရ သိရကြောင်း အိန္ဒိယအခြေစိုက် Informist Media သတင်းဌာနက အောက်တိုဘာလ ၁၀ ရက်နေ့တွင် ဖော်ပြပါသည်။
ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမ ၉ လအတွင်း ကြိတ်ခွဲပြီးဆန် ၅၉၆၃၄၁ တန် ခန့် တင်ပို့ခဲ့ပြီး ယခင်နှစ် ကာလတူအတွင်း တင်ပို့ခဲ့သော ကြိတ်ခွဲပြီးဆန် ၄၄၅၉၁၃ တန်နှင့် နှိုင်း ယှဉ်ပါက ၃၃.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ၁၀-၁၀-၂၀၂၅ ရက်နေ့တွင် ထုတ်ဝေခဲ့သော ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ် (CRF) ၏ အစီရင်ခံစာအရ သိရသည်။
အိန္ဒိယနိုင်ငံ၏ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုမှာ လက်ရှိကာလ၌ တန်ချိန် ၂၅ သန်းခန့်ရှိရာမှ ၂၀၃၀-၃၁ သီးနှံရာသီနှစ် (ဇူလိုင်-ဇွန်) အရောက်တွင် ၄၀ ရာခိုင်နှုန်း တိုးတက်လျက် တန်ချိန် ၃၅ သန်းအထိ တိုးမြှင့်ထုတ်လုပ်နိုင်ရန် အစိုးရက ရည်မှန်းချက် ချမှတ်ထားသည်။ အောက်တိုဘာ ၉ ရက်နေ့၌ နယူးဒေလီမြို့တွင် ကျင်းပခဲ့သော အစိုးရ သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ စိုက်ပျိုးရေး ဝန်ကြီး Shivraj Singh Chouhan က ရှေ့လာမည့် ၆ နှစ်တာ ကာလအတွင်း စိုက်ပျိုးဧရိယာနှင့် အထွက်နှုန်း မြှင့်တင်ခြင်းဖြင့် ပဲမျိုးစုံ ထုတ်လုပ်မှုကို တိုးမြှင
ဗီယက်နမ်သည် ဥရောပမှ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) အရှိန်အဟုန်ဖြင့် တိုးလာလျက်ရှိပြီး နိုင်ငံအား မဟာဗျူဟာကျသော နေရာတစ်ခုအဖြစ် ရှုမြင်သည့် စီးပွားရေး လုပ်ငန်းများ တိုးလာကာ အထူးသဖြင့် သန့်ရှင်းသော စွမ်းအင်၊ နည်းပညာမြင့်၊ ဆီမီးကွန်ဒတ် တာများနှင့် အခြေခံအဆောက်အအုံများ စသည်တို့ဖြစ်သည်။

ဗီယက်နမ်နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့များသည် ၂၀၂၅ ခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် အမေရိကန်သို့ သွားရောက်ရန် စီစဉ်ထားပြီး အပြန်အလှန် ကုန်သွယ်မှု သဘောတူညီချက်ကို အပြီးသတ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း စက်မှုနှင့် ကုန်သွယ်မှု ဒုဝန်ကြီး Nguyen Sinh Nhat Tan က အောက်တိုဘာ ၈ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

နယူးဇီလန်နိုင်ငံ၏ စီးပွားရေးသည် ၂၀၂၅ ခုနှစ်ဇွန်လ သုံးလပတ်တွင် ၀.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ယခင်သုံးလပတ်က ၀.၉ တိုးတက်မှုကိုပြောင်းပြန်လှန်ခဲ့ကြောင်း စာရင်းအင်းဌာနက စက်တင်ဘာလ ၁၈ ရက်နေ့ကပြောကြားခဲ့ပါသည်။

စင်္ကာပူနိုင်ငံ၏ United Oversea Bank (UOB) သည် ဗီယက်နမ်၏ ပြည်တွင်းအသားတင် ထုတ်ကုန်(GDP) တိုးတက်မှုခန့်မှန်းချက်ကို ယခင် ၆.၉ ရာခိုင်နှုန်းမှ ၇.၅ ရာခိုင်နှုန်းအထိ တိုးမြင့်ခဲ့ ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက စက်တင်ဘာလ ၁၈ ရက်နေ့က ဖော်ပြခဲ့ပါသည်။

တရုတ်နိုင်ငံတွင် EV ကားများအားသွင်းအခြေခံအဆောက်အအုံများကို ဆက်လက်တိုးချဲ့ တည်ဆောက်နေပြီး စုစုပေါင်းအဆောင်အအုံအရေအတွက်သည် သြဂုတ်လကုန်တွင် ၁၇.၃၅ သန်းခန့် တည်ဆောက်ပြီးဖြစ်ပါသည်။ ယခက်နှစ်ကထက် ၅၃.၃ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း စက်တင် ဘာလ ၁၈ ရက်နေ့ ထုတ်ပြန်သော တရားဝင်အချက်အလက်များအရသိရပ

သြစတြေးလျနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းသည် အချိန်ပြည့်အလုပ်အကိုင်များ လျော့ကျ သွား သော်လည်းသြဂုတ်လတွင် ၄.၂ ရာခိုင်နှုန်း ၌တည်ငြိမ်လျက်ရှိပါသည်။ သြစတြေးလျ

