ကုန်သွယ်မှုသတင်းများ

Powered by Drupal
24 Nov 2025

    အိန္ဒိယနိုင်ငံတွင် ယခုနှစ် ၂၀၂၅-၂၆ သီးနှံရာသီနှစ်၌ ပဲစင်းငုံ ထွက်ရှိမှုမှာ တန်ချိန် ၃.၂ သန်း မှ ၃.၃ သန်းအထိ ထွက်ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ ယခင်နှစ် ၂၀၂၄-၂၅ သီးနှံရာသီနှစ်တွင် တန် ချိန် ၃.၆ သန်းရှိခဲ့ရာမှ  ၇ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းခန့် ‌‌လျော့နည်းဖွယ်ရှိကြောင်း အစိုးရ အဆင့်မြင့်အရာရှိ တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။ ပဲစင်းငုံစိုက်ဧရိယာ များပြားသော် လည်း ထုတ်လုပ်မှုကျဆင်းရခြင်းမှာ ပုံမ

24 Nov 2025

    ထိုင်းအစိုးရအဖွဲ့က ၂၀၂၆ ခုနှစ်အတွက် ထိုင်းနိုင်ငံ၏ ပြောင်းတင်သွင်းခွင့် ခွဲတမ်းကို ယခင် က တန်ချိန် ၅၄၇၀၀ အား သွင်းကုန်ခွန် ၂၀ ရာခိုင်နှုန်း သတ်မှတ်ခဲ့ရာမှ တန်ချိန် ၁ သန်းအထိ တိုး မြှင့်၍ သွင်းကုန်ခွန် သုညရာခိုင်နှုန်းဖြင့် ခွင့်ပြုရန် အတည်ပြုခဲ့ပြီးနောက် အမျိုးသားစီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (NESDC) က တင်သွင်းလာမည့် ပြောင်းများအတွက် ခြေရာခံ စနစ်တစ်ရပ်ကို အမြန်ဆုံးထူထောင်ရန် ထိုင်း

24 Nov 2025

    အင်ဒိုနီးရှားနိုင်ငံ၏ မြေယာသိမ်းယူမှု မူဝါဒများနှင့် ၎င်းတို့စီစဉ်ထားသည့် ဇီဝဒီဇယ် တိုးချဲ့ ထုတ်လုပ်မှု မူဝါဒတို့ကြောင့် မသေချာမရေရာမှုများ ရှိလာသည့်အတွက် လာမည့်လများအတွင်း စားအုန်းဆီစျေးနှုန်းများ မြင့်တက်လာနိုင်သည်ဟု စားအုန်းဆီလုပ်ငန်းနယ်ပယ်ရှိ လေ့လာသုံးသပ် သူများက နိုဝင်ဘာလ ၁၄ ရက် (သောကြာနေ့)တွင် ပြောကြားခဲ့သည်

24 Nov 2025

      ဗီယက်နမ်နိုင်ငံ၏ ကော်ဖီတင်ပို့မှုမှ ဝင်‌ငွေရရှိမှုသည် မူလမျှော်မှန်းခဲ့သည့် ၂၀၃၀ ပြည့်နှစ် ထက် ပိုမိုစောလျင်စွာဖြင့် ၂၀၂၅ ခုနှစ်၌ပင် အမေရိကန်ဒေါ်လာ ၈ ဘီလီယံကို ကျော်လွန်၍ ရရှိ နိုင်မည်ဟု ယုံကြည်ကြောင်း ဗီယက်နမ်ကော်ဖီအသင်း (Vicofa) က ပြောဆိုခဲ့ပါသည်။

24 Nov 2025

      အိန္ဒိယနိုင်ငံတွင် သကြားမှ အီသနောလောင်စာထုတ်လုပ်ခြင်းသို့ ပြောင်းလဲအသုံးပြုမှု ကျဆင်းလျက်ရှိမှုနှင့်အတူ ပြည်တွင်း၌ သကြားလက်ကျန်ပိုလျှံမှု ပမာဏကြီးမားလာသဖြင့် ဈေးကွက်တင်ရောင်းဝယ်ရေး ရာသီအသစ်တွင် ပြည်ပသို့ သကြားတန်ချိန် ၁.၅ သန်း တင်ပို့ခွင့်ပြု မည်ဖြစ်ကြောင်း အစိုးရက နိုဝင်ဘာ ၁၄ ရက်နေ့၌ အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့သည်။

Pages