သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ် တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့်ဝန်ထမ်းများသည် (၂၄.၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် အိမ်မဲမြို့နယ် အထက်ပိုင်းရပ်ကွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးတွင်တောင်သူများအား စားသုံးသူအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့်ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ (၂၅.၂.၂၀၂၅)ရက်နေ့နံနက်(၁၁:၀၀)အချိန်တွင် အိမ်မဲမြိုနယ် မြို့မဈေးတွင် စားအုန်းဆီရောင်းချနေသောဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးနေခြင်း၊ ဈေးနှုန်း ဗီနိုင်းချိတ်ဆွဲထားခြင်းများ ရှိ/မရှိကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်နှင့်ဝန်ထမ်းများသည် (၂၄.၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ စားသုံးသူပြည်သူများအား မော်ကျွန်းမြို့နယ်၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးနှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၂၅.၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင်လပွတ္တာမြို့ရွေးနဒီဈေးတွင် စားအုန်းဆီရောင်းချနေသောဆိုင်များအား သတ်မှတ် ရည်ညွှန်းဈေးနှုန်းဖြင့်ရောင်းချပေးနေခြင်း၊ ဈေးနှုန်းဗီနိုင်းချိတ်ဆွဲထားခြင်းများ ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်မှ မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် မိတ်ဖက်အဖွဲ့အစည်းဖြစ်သော စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၂၄.၂.၂၀၂၅) ရက်နေ့ နံနက် (၁၀၃၀) နာရီအချိန်တွင် မအူပင်မြို့ရှောင်လမ်းရှိ စိန်သီဟ ဆန်စက်သို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းလေ့လာ ဆောင်ရွက်ခဲ့ပါသည်။
