သတင်းနှင့် လှုပ်ရှားမှုများ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းသည် (၂၄.၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အစားအစာများ ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဆိပ်ဖြူမြို့ အလယ်ပိုင်းရပ်ကွက်ရှိ “ဒေါ်အုန်းမြ” ပဲကြော်လုပ်ငန်းသို့ သွားရောက်၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး အသိပညာပေး ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ပခုက္ကူခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ဦးစားပေးကုန်စည်(၁၀)မျိုးမှ အသင့် စားမုန့်များ၊ အရန်သင့် အစားအစာများ၊ အချိုရည်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ပြီးပြည့်စုံပြီး ဘေးန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ (၂၃.၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် မြို့နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း ပြီး ပခုက

စားသုံးသူပြည်သူများကို စားသုံးသူကာကွယ်ရေးအကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေ ရန်မိမိတို့၏ရပိုင်ခွင့်၊ တောင်းဆိုပိုင်ခွင့် အခွင့်အရေးများကို သိရှိနားလည်ပြီး နစ်နာဆုံးရှုံးမှုများ မဖြစ်စေရန်အတွက် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း၍ လစဉ် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ယခုအခါတွင် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်အစိုးရမှ အလေးထားဆောင်ရွက်လျက်ရှိပါသည်။ မြို့ရွာများတွင်တစ်နိုင်၊ တစ်ပိုင်စီးပွားရေးလုပ်ငန်းများဖြစ်သော စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ အပြင် ဒေသထွက်ကုန်များအား တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်၍ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့လုပ်ငန်းများအား ဖွံ့ဖြိုး တိုးတက်စေရန် ပြုလုပ်ခြင်းဖြင့် မိမိတို့အတွက်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တ ရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို လစဉ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
