သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
18 Mar 2025

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိမှော်ဘီ မြို့နယ်ခွဲရုံးမှ ဝန်ထမ်းများသည် ၁၁.၃.၂၀၂၅ ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် မှော်ဘီ မြို့မဈေးစည်ပင်သာယာရုံးခန်းမ၌ ဈေးသူ/ဈေးသားများအား စားသုံးသူအသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။

18 Mar 2025

          ၁၁.၃.၂၀၂၅ ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် အိုးတန်းရပ်ကွက်၊ တိုက်ကြီးမြို့နယ် တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဥ်း၍ အသိပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့ ပါသည်။

18 Mar 2025

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်နှင့် မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးတို့သည် (၁၁.၃.၂၀၂၅) ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် ခရိုင်ဦးစီးမှူးရုံး၌ စားသုံးဆီ လက်လီ/လက္ကား အရောင်းဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး  ဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်းသိရသည်။

18 Mar 2025

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃)ဦး တို့ သည် ၁၁.၃.၂၀၂၅ ရက်နေ့ နေ့လည်(၁၂:၁၅)နာရီအချိန်တွင် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ရှိ Regency စက်သုံးဆီဆိုင်အား စက်သုံးဆီအချင်အတွယ်ပြည့်ဝမှန်ကန်မှုရှိ/မရှိ သတ်မှတ် ရည်ညွှန်းဈေးအတိုင်း ရောင်းချနေမှုရှိ/မရှိ စက်သုံးဆီပြတ်လပ်မှု ရှိ/မရှိနှင့် စက်သုံးဆီ လက်ကျန်အခြေအနေ တို့ကို ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

Pages