သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
18 Mar 2025

           စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည်(၇.၃.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမ၌ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များနှင့်စပ်လျဉ်း၍ အသိပညာပေး Talk Show အစီအစဉ်ကိုဆောင်ရွက်ခဲ့ကြောင်းသိရသည်။

18 Mar 2025

              စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၁၁.၃.၂၀၂၅) ရက်နေ့ နံနက်(၀၉:၅၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မြန်အောင်မြို့မနေခြည်ဈေးအတွင်းရှိ အိမ်သုံးဆေးဝါးအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

18 Mar 2025

           ပုသိမ်မြို့ မြို့တော်ခန်းမတွင် မတ်လ (၁၁) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ၊ “ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ” အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြား၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ စားသုံးသူရေးရာဦးစီးဌာန တိုင်ဦးစီးမှူးနှင့် ဖိတ်ကြားထားသော တိုင်းအဆင့်ဌာနဆိုင်ရာများ၊ စားသုံးသူ ရေးရာကော်မတီအဖွဲ့ဝင်များ၊ တိုင်းဦးစီးမှူးများ၊ အသင်းအဖွဲ့များ၊ ကုန်သည်လုပ်ငန်းရှင်များနှင့် ဖိတ်ကြ

18 Mar 2025

             စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၁၁.၃.၂၀၂၅)ရက်နေ့ နေ့လယ် (၀၉:၃၀) နာရီအချိန်တွင် ဇလွန်မြို့နယ် ညောင်ပင်ဈေးရပ်ကွက်နှင့်လမ်းမတော်(မ)ရပ်ကွက်ရှိ စတိုးဆိုင်နှင့် ကုန်မျိုးစုံအရောင်းဆိုင်များတွင် အသင့်ကင် CP ကြက်အူချောင်း၊ ဝက်အူချောင်းများ ရောင်းချမှုအခြေအနေအား  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို  ဆောင်ရွက်ခဲ့ပါသည်။

18 Mar 2025

           စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည်(၁၀.၃.၂၀၂၅)ရက်နေ့ နံနက်(၀၉:၀၀) နာရီအချိန်တွင် ကြံခင်းမြို့၊ သိပ္ပံလမ်း၊ ရွာသစ်ရပ်ကွက်ရှိ မြို့နယ်မီးသတ်တပ်ဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

Pages