သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
18 Mar 2025

          ဧရာဝတီတိုင်းဒေသကြီး ၊ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေး အဖွဲ့တို့နှင့် ပူးပေါင်း၍ ၂၀၂၅ခုနစ် မတ်လ(၁၀)ရက်နေ့၊ နေ့လယ် (၁၁:၀၀)နာရီအချိန်တွင်  ဒေးဒရဲမြို့ မဈေးကြီးအတွင်းရှိ  ကုန်မျိုးစုံအရောင်းဆိုင်များတွင် စားအုန်းဆီများ ရည်ညွှန်းဈေးနှုန်းဖြင့် ဆိုင်းဘုတ် တင်ရောင်းချခြင်းရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

18 Mar 2025

           ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ မတ်လ(၁၁)ရက်နေ့ ၊နံနက် (၁၀:၃၀) နာရီအချိန်တွင် ဒေးဒရဲမြို့ အမှတ်(၂) ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ “ဖြိုးဟိန်း” စက်မှုလက်မှု လုပ်ငန်းသို့ သွားရောက်ပြီး MSME လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကွင်းဆင်းစိစစ်ခဲ့ကြောင်းသိရသည်။

18 Mar 2025

           ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့ အမှတ်(၅)ရပ်ကွက်ရှိ ဦးအေးမောင်း၏ “မိသားစု” မုန့်ဟင်းခါးဖို လုပ်ငန်းသို့ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ခုနှစ် (၁၁)ရက် နေ့တွင် သွားရောက်၍ ဈေးကွက်မရောက်မီ ကုန်စည်များကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

18 Mar 2025

           ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ကျိုက်လတ်မြို့တွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ခုနှစ်၊ မတ်လ(၁၁)ရက်နေ့တွင် မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ပြန်/ဆက်ရုံး စားဖတ်ဝိုင်းရှိ စာဖတ်ပြည်သူ(၁၂)ဦးအားစားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

18 Mar 2025

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ကျိုက်လတ်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည်။ ၂၀၂၅ ခုနှစ် မတ်လ(၁၀)ရက်နေ့ (၀၉:၀၀)နာရီအချိန်တွင် စည်ပင်သာယာရေးအဖွဲ့၊မီးသတ်ဌာနတို့နှင့် ပူးပေါင်း၍ ကျိုက်လတ်မြို့ပေါ် မြို့မဈေးရှိ ကုန်ခြောက်ဆိုင်များ၊ ကုန်စိမ်းဆိုင်များ၊ စတိုးဆိုင်များတွင် ရောင်းချနေသော ကြက်အူချောင်း၊ ဝက်အူချောင်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

Pages