သတင်းနှင့် လှုပ်ရှားမှုများ
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၅ ခုနှစ်၊ မတ်လ ၁၈ ရက်၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့စခန်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံတို့ ပူးပေါင်းအဖွဲ့သည် ကျွန်းလှမြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက် ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသည့် ဆေးလိပ်အမျိုးမျိုးနှင့် ကွမ်းစားဆေးအမျိုးမျိုးတို့အား ဈေးကွက်စ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသောကုန်စည်များ သုံးစွဲနိုင်ရန်ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းအား လစဉ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၅-ခုနှစ် မတ်လ(၁၇)ရက်နေ့တွင် ကသာခရိုင်ဦးစီး မှူးရုံးမှ စစ်ဆေးရေးမှူး ဦးကြည်နိုင်ဦးသည် ကသာမြို့ပေါ်တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ကုန်စုံဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ ကုန်စည်ဝန်ဆောင်မှုများ ဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်၊ လုံခြုံစိတ်ချရမှုမရှိသောကုန်စည်များ ဈေးကွက်အတွင်းသို့ မရောက်ရှိစေရန်နှင့် ဈေးကွက်အတွင်းမှ ပပျောက်သွားစေရန် စသည့်ရည်ရွယ်ချင်များဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ် ကွက်ရှိ “MO”သောက် ရေသန့်စက်ရုံသို့ ၂၀၂၅ ခုနှစ် ၊ မတ်လ(၁၈)ရက်နေ့၊

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူး၏လမ်းညွှန်ချက်၊ ကန့်ဘလူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ကျွန်းလှမြို့နယ် တာဝန်ခံသည် အွန်လိုင်းရောင်းချခြင်း၊ Online Sale လုပ်ငန်းများ မှတ်ပုံတင်လျှောက် ထားခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ဆွေးနွေးခြင်းကို (၁၈.၃.၂၀၂၅)ရက်နေ့ နံနက် (၀၉း၃၀)နာရီအချိန်တွင် ကျွန်းလှမြို့၊ မြန်မာ့စီးပွားရေးဘဏ်ရှိရုံးခန်းအတွင် စားသုံးသူပြည်သူများအား အသိပညာပေးဆွေးနွေးခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့တာဝန်ခံသည် မြို့နယ်အတွင်းရှိ ဆီစက်များမှ ဒေသတွင်းဖူလုံမှုအပြင် ပိုလျှံသည်အထိ ကြိတ်ခွဲထုတ်လုပ် ဆောင်ရွက်သွားနိုင်ရေး၊ ပြည်တွင်း၌ ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်လာစေရေးနှင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးရည်ရွယ်၍ (၁၅.၃.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန် တွင် မြို့ပေါ်ရှိ ဆီစက်များသို့ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
