သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး(ကျိုင်းတုံ)ရှိ စစ်ဆေးရေးမှူးများနှင့် ဝန်ထမ်းများသည် ကျိုင်းတုံ မြို့ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့ ဘိလပ်မြေဈေးနှုန်းနှင့်ဈေးကွက်အခြေအနေများအား ကွင်းဆင်းစိစစ်ရာတွင် ငွေ(ထိုင်း)ဈေးပြောင်းလဲမှုများအပြင် အောက်တိုဘာ(၁၅)ရက်နေ့မှစ၍ ဘိလပ်မြေတင်သွင်းမှုရပ်ဆိုင်းထားခြင်းကြောင့် ဘိလပ်မြေဈေးနှုန်းမတည်ငြိမ်ဖြစ်ခြင်း၊ ပစ္စည်း လက်ကျန်နည်းပါးမှုများရှိခြင်းတို့ ကြုံတွေ့နေရကြောင်းနှင့် ဘိလပ်မြေများအား တောင်ကြီးဘက်မှ ဝယ်ယူရောင်းချ

ပဲခူးတိုင်းဒေသကြီးအတွင်း ပဲခူးခရိုင်အနေဖြင့် မြေပဲစိုက်ဧကမှာ ၃၆၉၉၅၁ဧကရှိပြီး အထွက်နှုန်းမှာတစ်ဧကလျှင် ပျမ်းမျှအားဖြင့် တင်း(၅၀) ထွက်ကြောင်းသိရှိရပါသည်။ မြေပဲကို နိုဝင်ဘာလတွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလတွင် ဆွတ်ခူးကြောင်း သိရှိရပါသည်။ တစ်ဧကလျှင် မြေပဲတောင့်မျိုး (၁၁)တင်း ခန့်အသုံးပြုပြီး မြေပဲဆံအနေဖြင့် (၂)တင်း ခန့် စိုက်ပျိုးရပါသည်။ တစ်ဧကလျှင် မြေပဲမျိုးအတွက် ၂၀၀၀၀၀ကျပ်ကုန်ကျပြီး၊ ပေါင်းလိုက်ခြင်း၊ မြက်နုတ်ခြင်း၊ အားဆေးအသုံးပြုခြင်းနှင့် မြေပဲနုတ်ချွေ

စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တာဝန်ခံမှ ဦးဆောင်၍ ရွှေတောင်မြို့နယ်၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် ၂၀၂၁ခုနှစ် ဒီဇင်ဘာလ (၁)ရက်နေ့၌ ရွှေတောင်မြို့ရှိ DENKO စက်သုံးဆီအရောင်းဆိုင်သို့ သွားရောက်၍ ရောင်းချလျှက် ရှိသော စက်သုံးဆီတို့၏ အရည်အသွေး၊ အချိန်အတွယ် ပြည့်ဝမှန်ကန်မှုရှိစေရေးနှင့် သတ်မှတ် ထားသည့် ခွဲတမ်းများ ဈေးနှုန်းများ မှန်ကန်မှုရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း များဆောင်ရွက်ခဲ့ကြပါသည်။

ပဲခူးတိုင်းဒေသကြီးတွင် စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတ်မြေသြဇာကုမ္ပဏီများ နှင့် အရောင်းဆိုင်များတွင် ဓာတ်မြေသြဇာအမျိုးမျိုးရောင်းချလျှက်ရှိရာ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများအနေဖြင့် ပုလဲဓာတ်မြေသြဇာများဖြစ်သည့် မြင်းပျံ၊ သြဘာ၊ ရွှေနဂါး၊ အာမို၊ ကောမတ်ဓာတ်မြေသြဇာများအား အများဆုံးအသုံးပြုလျှက်ရှိပါသည်။
