သတင်းနှင့် လှုပ်ရှားမှုများ
“ကုန်စည်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း ထုတ်ကုန် ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပေးခြင်းကြောင့် စားသုံးသူများအနေဖြင့် ထုတ်ကုန်များအပေါ် ယုံကြည်စိတ်ချမှုရှိမည်ဖြစ်သဖြင့် လုပ်ငန်းရှင်များအနေဖြင့် မိမိ၏ထုတ်ကုန် များကို ပိုမိုထုတ်လုပ်နိုင်မည်ဖြစ်ရာ စားသုံးသူများ၏ ယုံကြည်စိတ်ချရမှုကိုရစေပြီး စီးပွားလည်းဖြစ်ထွန်းမည်ဖြစ်ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် ကြံသီးနှံများထွက်ရှိပြီဖြစ်ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း (၃၂၀၉၄)ဧကစိုက်ပျိုးပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၂၂)တန်ခန့်ထွက်ရှိပါသည်။ ယခုနှစ်ကြံစျေးနှုန်းအနေဖြင့် စက်အရောက်စျေး တစ်တန်လျှင် (၅၄၀၀၀)ကျပ်စျေး ပေါက်သည်ကိုတွေ့ရှိရပါသည်။ ပြည်ခရိုင် ပြည်မြို့နယ်တွင် နဝဒေးသကြားစက်နှင့် ပေါက်ခေါင်းမြို့နယ်တွင် အင်ငါးခွသကြားစက်ဟူ၍ (၂)စက်ရှိပါသည်။ နဝဒေးသကြားစက်သည် ယိုးဒယား စူးတက် ကုမ္ပဏီမှ ပိုင်ဆိုင်၍ ယခုဘဏ္ဍာနှစ်တွင် ကြံတန်ချိန် (၂၃၀၀၀၀)ခန့်အား ကြိတ်ခွဲရ

နိုင်ငံတော်၏ စီးပွားရေးကို ထောက်ပံ့ပေးလျှက်ရှိသော လုပ်ငန်းများတွင် စိုက်ပျိုးရေး သည်လည်း အဓိကလုပ်ငန်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏ ပထဝီအနေအထား၊ ရာသီဥတု၊ ယဉ်ကျေးမှု၊ လူဦးရေ၊ နည်းပညာပိုင်ဆိုင်မှု၊ လမ်းပန်းဆက်သွယ်နိုင်မှုအခြေအနေနှင့် ရေမြေ တောတောင် တည်ရှိမှုတို့အပေါ် မူတည်၍ စိုက်ပျိုးသီးနှံများလည်း တူညီမှုမရှိကြဘဲ ကွဲပြားလျှက် ရှိပါသည်။

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်တွင် ပဲတီရွှေဝါစိုက်ဧက ၆၆၂၄၃၆ ရှိပြီး ကဝမြို့နယ်မှာ ပဲတီရွှေဝါစိုက်ဧက ၁၅၈၃၅၄ ဧက ရှိသဖြင့် ခရိုင်အတွင်း ကဝမြို့နယ်သည် ပဲတီရွှေဝါ အများဆုံးစိုက်ပျိုးသော မြို့နယ်ဖြစ်ကြောင်းသိရသည်။ ယခုအချိန် တောင်သူများ မိုးစပါးရိတ်သိမ်းပြီးသည်နှင့်တပြိုင်နက် ပဲတီရွှေဝါများကို အချိန်မီစိုက်ပျိုးနိုင်ရန် မြေပြုပြင်ခြင်း၊ ထွန်ယက်ခြင်း၊ မျိုးစေ့ချခြင်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ခဲ့သည့်အတွက် ရာနှုန်းပြည့်စိုက်ပျိုးနိုင်ကြောင်း သိရှိရသည်။ စိုက

၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဌ၊ အဖွဲ့ဝင်များနှင့်အတူ သက်ဆိုင်ရာဆက်စပ်ဌာနများဖြစ်သော အကောက်ခွန်ဦးစီးဌာန၊ကုန်သွယ်ရေး ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌန၊ စားသုံးသူရေးရာဦးစီးဌာနရှိ တာဝန်ရှိသူများသည် ကျိုင်းတုံ-တာချီလိတ်မြို့အတွင်း ဘိလပ်မြေဖြန့်ဖြူးရောင်းချပေးလျှက်ရှိသော ကုန်သည်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဘိလပ်မြေတင်သွင်းမှုအား ဆွေးနွေးခဲ့ရာ ဘိလပ်မြေတင်သွင်းမှုရပ်ဆိုင်းခဲ့ရာတွင် အခက် အခဲများနှင့် ကြုံတွေ့နေရသောကြ
