သတင်းနှင့် လှုပ်ရှားမှုများ
၉.၁၂.၂၀၂၁ ရက်နေ့တွင် မြစ်ကြီးနားခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းဦးသည် မြစ်ကြီးနားမြို့ သောက်ရေသန့်လုပ်ငန်းရှင်(၂)ဦးအား မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ခရိုင်ဦးစီးမှူး ဦးဇော်မင်းဦးမှ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ကိုပြဌာန်း၍ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကိုကာကွယ်ပေးလျက်ရှိကြောင်း၊ စားသုံးသူများ အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရှိစေရေးတို့အတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် သို

၈.၁၂.၂၀၂၁ ရက်နေ့ ၁၃:၀၀နာရီအချိန်တွင် မြစ်ကြီးနားခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအုပ် ဦးဘောမ်ဇုန်းသည် မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်ရှိ လက်လီအရောင်းဆိုင်လုပ်ငန်းရှင် (၃)ဦးနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်များ၊ ကုန်စည်များတွင် မြန်မာဘာသာနှင့်ဖြစ်စေ၊ မြန်မ

စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံး၌ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၉)ရက်နေ့တွင် ခရိုင်ဦးစီးမှူးဦးအောင်ကျော်ဦးသည် ဗန်းမော်မြို့၊ ဟန်းတဲရပ်ကွက်ရှိ လူပျံအမှတ်တံဆိပ်မုန့်မျိုးစုံ ထုတ်လုပ်ရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်အား ခေါ်ယူတွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ သိကောင်းစရာများအားရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထိုသို့ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)၊ ပုဒ်မ(၄၁)အရ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှ

၈.၁၂.၂၀၂၁ရက်နေ့တွင် ဗန်းမော်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ဗန်းမော်မြို့၊ ၃မိုင်ရွှေပြည်သာရပ်ကွက်၊ Denko စက်သုံးဆီဆိုင်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)တွင် အခန်း(၂၅)ခန်းနှင့် ပုဒ်မ(၈၄)ခု ပါဝင်ကြောင်း ယင်းဥပဒေအရစီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် အချက်အလက်များကို စားသုံးသူသိရှိစေရန် ကြိုတင်အသိပေးခြင်း၊ မှန်ကန်သော သတင်းအချက်အလက်နှင့်ပြည့်စ

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင်းရှိ စက်သုံးဆီအရောင်းဆိုင်များကို ဒီဇင်ဘာလ ဒုတိယပတ်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ခဲ့ရာ စက်သုံးဆီများ၏ အနိမ့်ဆုံးဈေးနှုန်းမှာ ဒီဇယ်ရိုးရိုးတစ်လီတာကို (၁၂၄၂)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာကို (၁၂၅၃)ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာကို (၁၂၉၇)ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၁၃၅၇)ကျပ်တို့ဖြစ်ပြီး အမြင့်ဆုံးဈေးနှုန်းမှာ ဒီဇယ်ရိုးရိုးတစ်လီတာကို (၁၄၃၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာကို (၁၄၄၀)ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာကို (၁၄၈၀)ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီ
