သတင်းနှင့် လှုပ်ရှားမှုများ
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူနှင့် ဒုတိယဦးစီးမှူး ဦးနေစိုးထက်တို့သည် တောင်ငူမြို့ မြို့မဈေးကြီးအပြင်တန်းနှင့် အနီးတဝိုက်ရှိ ခြင်ဆေးခွေရောင်းချသည့် ဆိုင်များသို့ သွားရောက်၍ ခြင်ဆေးခွေများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်း ရှိ /မရှိကို စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ခရိုင်ဦးစီးမှူးရုံးမှ စားသုံး/ထုတ်လုံတာဝန်ခံနှင့် ရေတာရှည်မြို့နယ်တာဝန်ခံတို့နှင့်အတူ မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့ရှိ စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်း အရောင်းဆိုင်များသို့ သွားရောက်၍ စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်း အတုအပများ ရောင်းချမှုမရှိစေရေးကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် မန္တလေးခရိုင်အတွင်းရှိ စက်ဆီ၊ ချောဆီနှင့် ရေနံထွက်ပစ္စည်းများ တင်သွင်း၊ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချလျက်ရှိသည့် အရောင်းဆိုင်များနှင့် Facebook/Online အသုံးပြု၍ မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ၊ အလှကုန်ပစ္စည်းများနှင့် ခွင့်ပြုချက်မပါသော စားသောက်ကုန်များ ရောင်းချမှု ရှိ/မရှိ (၂၈-၃-၂၀၂၂) ရက်နေ့ တွင် လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်ကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက် ခဲ့ပြီး အတုအပပြုလုပ်ရောင်းချခြင်းမပြုရန်
မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၏ (၁/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ၂၀၂၂ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ စီးပွားရေးရာဝန်ကြီး၊ စားသုံးသူရေးရာကော်မတီ၊ ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် စုစုပေါင်း (၉)ဦး တက်ရောက်ခဲ့ကြောင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံး၌ ၂၀၂၂ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့ နံနက် (၁၀း၀၀)နာရီတွင် နေပြည်တော်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ ပထမအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန မှ တာဝန်ရှိသူများနှင့် နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် အသင်းသား/သူများ၊ စုစုပေါင်း(၃၅)ဦး တက်ရောက်ခဲ့ပါသည်။
.jpg?itok=VKJyOVZz)