သတင်းနှင့် လှုပ်ရှားမှုများ
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊မော်လမြိုင်မြို့နယ်တာဝန်ခံသည် ၂၅.၃.၂၀၂၂ ၊ ၂၉.၃.၂၀၂၂ ၊ ၃၀.၃.၂၀၂၂ ရက်နေ့တို့တွင် မော်လမြိုင်မြို့အတွင်းရှိ စက်ဆီ၊ ချောဆီများ လက်လီ၊ လက်ကားဖြန့်ဖြူးရောင်းချနေသော စက်ဆီ၊ ချောဆီအရောင်းဆိုင်များအား ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၂၀၂၂ခုနှစ်၊ မတ်လ (၃၀)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်၌ စစ်ဆေးရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာဆင့်ပွား သင်တန်း(၁/၂၀၂၂)ကိုကျင်းပခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ မတ်လ ၂၉ ရက်နေ့က မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီ (၁/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခဲ့ပါသည်။
.jpg?itok=5_bNuURj)
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများသည် ၂၈.၃.၂၀၂၂ ရက်နေ့၊ နံနက်(၁၀:၃၀) နာရီတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ်ရေးလုံခြုံရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် စစ်ဆေးခြင်းများကို အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်းနှင့် ဟောပြောပွဲတက်ရောက် သူစုစုပေါင်း (၁၇)ဦးရှိကြောင်း သိရှိရပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ၃၀.၃.၂၀၂၂ နေ့တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက် ရယူထားခြင်းမရှိဘဲ နယ်စပ်မှတရားမဝင် ဝင်ရောက်လာသော အသင့်စား အသားချောင်း၊ အသားလုံး၊ အသားပြား၊ ငါးအသားချောင်းနှင့် ပင်လယ်စာချောင်းများရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ Similac Product များ ဈေးကွက်အတွင်းရှိမရှိ ထောက်လှမ်းစစ်ဆေးခြင်းနှင့် စစ်ဆေးတွေ့ရှိပါက သိမ်းဆည်းဖျက်ဆီးရန် မြို့နယ်ပြည်သူ့ကျန်းမာရေး၊ မြို့နယ်ရဲတပ်ဖွဲ့၊ မ
