သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
07 Apr 2022

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးသည်၂၆.၃.၂၀၂၂ရက်နေ့နံနက် ၁၀:၀၀ နာရီအချိန်တွင် မြင်းခြံမြို့ရှိ စားသုံးဆီ လက်လီလက်ကားရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအား မြင်းခြံခရိုင်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မြင်းခြံကုန်စည်ဒိုင်(MDCCI)ခန်းမ၌ တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေနှင့် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေတို့ကို  အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

07 Apr 2022

         စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်း ရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက် အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှု အခြေအနေတို့နှင့်စပ်လျဉ်း၍   ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရှ

06 Apr 2022

             မိမိဝယ်ယူမည့် ကုန်စည်/ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး မှန်ကန်သောသတင်း အချက်အလက်သိရှိခွင့်သည် စားသုံးသူများ၏ အခြေခံရပိုင်ခွင့် (သို့မဟုတ်) အခွင့်အရေး တစ်ရပ်ပင် ဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်တွင်ပြဌာန်းခဲ့သော စားသုံးသူကာကွယ်ရေးဥပဒေမှာ ဒီအချက်ကို ထည့်သွင်းဖော်ပြထားပါသည်။ စားသုံးသူများအနေနဲ့ မှန်ကန်သော သတင်းအချက်အလက်များရရှိမှသာ မိမိနှင့် သင့်လျော်မည့် ကုန်စည်/ဝန်ဆောင်မှုကို မိမိစိတ်ကြိုက်ရွေးချယ်ခွင့် ရနိုင်မည့်အပြင် ဘေးအန္တရာယ်ကင်းရှင်းစွာ၊လုံခြုံစိတ်ချစွာ သုံးစွဲခွင့်ရနိုင်မည်

06 Apr 2022

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးဦးထွေးသိမ်း ဦးဆောင်၍ ဖျာပုံမြို့နယ်စစ်ဆေးရေးမှူး ဦးမင်းဇော်နှင့် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများပူးပေါင်း၍ ဧပြီလ(၁)ရက်နေ့ နံနက်(၀၉:၀၀)နာရီတွင် ဖျာပုံမြို့၊ မြို့မဈေးရှိ ကုန်စုံဆိုင်များအား စားသုံးသူ ကာကွယ်ရေးဥပဒေ ပုဒ်မ(၁၅) (ခ) စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များအရ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များ ပါဝင်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

06 Apr 2022

               ဧရာဝတီတိုင်းဒေသကြီး၊ ပြောင်းလုပ်ငန်းအသင်း၏ ၂၀၂၂-၂၀၂၅ အလုပ်အမှုဆောင်သစ် ရွေးချယ်ခြင်းနှင့် ပြောင်းအခြောက်ခံစက်နည်းပညာဆိုင်ရာဆွေးနွေးပွဲကို မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှကြီးမှူး၍ ၂၀၂၂ခုနှစ် ဧပြီလ ၁ ရက်နေ့ နံက် (၁၀:၀၀) တွင် ဟင်္သာတ မြို့၊ Family Hotel တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

Pages