သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မြတ်သက်နိုင် (ဌာနခွဲစာရေး) နှင့် ဝန်ထမ်းများသည် တောင်ဥက္ကလာပမြို့နယ်၊ ဝေဇန္တယာ City Mark မှ တာဝန်ခံနှင့်တွေ့ဆုံ၍ ၉.၁၀.၂၀၂၄ ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

၁၀-၁၀-၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ ဘိုကုန်းရပ်ကွက်ရှိ Ocean Supercenter သို့သွားရောက်၍ အသားဟင်း၊ ငါးဟင်းစည်သွပ်ဘူးများပေါ်တွင် ရိုက်နှိပ်ထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် စတေကာကပ်၍ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များမှာ တူညီမှုမရှိဘဲ ကွဲလွဲမှုများဖြစ်ပေါ်လျက်ရှိ/ မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများပြုလုပ်ခဲ့ပါသည်။

၉-၁၀-၂၀၂၄ ရက်နေ့တွင် ကျိုက်ထိုမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်တာဝန်ခံသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်ပူးပေါင်းကာ PT Power ၊ Htet ၊ Denko ၊ မိဘမေတ္တာ၊ ချောစုစက်သုံးဆီဆိုင်များအား သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

၉-၁၀-၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မုဒုံမြို့နယ်၊ သာယာကုန်းကျေးရွာ၊ မြစိမ်းတောင်ဘုရားလမ်း၊ ဦးပိုင်အမှတ် (၄၂) တွင်တည်ရှိသော Shwe Mar Ga Golden & Mining Co.,Ltd ၏ ရော်ဘာစက်ရုံသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရသည်။

ဟင်္သာတခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများနှင့် အဖွဲ့များသည် ဆက်စပ်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၅)ရက်နေ့တွင် စားသုံးသူ ပြည်သူများမှ ကုန်စည်၊ ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲခြင်းဖြင့် ထိခိုက်နစ်နာမှုမရှိစေရေးအတွက် လုပ်ငန်းရှင်များမှ စီးပွားရေးဆိုင်ရာ ကျင့်ဝတ်များစောင့်ထိန်းပြီး စားသုံးသူအကျိုး အလေးထားသည့်သူများဖြစ်စေရန်ရည်ရွယ်လျက် ဟင်္သာတမြို့၊ ပဒေသာဈေးနှင့် ဌေးဝင်းဈေးအတွင်းရှိ ကုန်စုံဆိုင်များ၌ ဖြန့်ဖြူးရောင်းချလျက်ရှိသေ
