သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၉-၁၀-၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၁:၀၀)နာရီအချိန်တွင် တိုင်းရင်းဆေးအမျိုးမျိုးအား ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် တာဝန်ခံဦးလှထွဋ်ဦးနှင့် ဝန်ထမ်းများသည် (၉.၁၀.၂၀၂၄) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် မြောင်းမြမြို့နယ် ကံ့ကော်မြိုင်ရပ်ကွက်ရှိပြည်သူများအား စားအုန်းဆီဝယ်ယူရန်အတွက် ဆီစာအုပ်များပြုလုပ်ပေးနေကြောင်း သိရှိရပါသည်။

၉-၁၀-၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ ဖက်ခင်းရပ်ကွက်ရှိ K - Mart သို့သွားရောက်၍ ငရုတ်ဆီနှင့်အချဉ်ရည်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများပြုလုပ်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၉.၁၀.၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် တောင်ဒဂုံ မြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီ/ လက်ကားရောင်းချနေသော ကိုယ်စားလှယ်ဆိုင်ကြီးများအား ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

၇-၁၀-၂၀၂၄ ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်မှစ၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆောင်၍ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်းကာ ကျိုက်ထိုမြို့နယ်၊ ငယ်ဒိုးကျေးရွာရှိ First December သောက်ရေသန့်စက်ရုံသို့ သွားရောက်၍ ရေသန့်လုပ်ငန်းနှင့်သက်ဆိုင်သော အထောက်အထားများ၊ ရေသန့်ထုတ်လုပ်မှုအဆင့်ဆင့်နှင့် ဝန်ထမ်းအင်အားအခြေအနေ၊ လျှပ်စစ်ဓာတ်အားအသုံးပြုမှု၊ မီးဘေးကာကွယ်ရေးအခြေအနေများနှင့် ရောင်းဝယ်ဖြန့်ဖြူးမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ရာ၌ စားသုံးသူရေးရာ
