သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ၂၀၂၄ ခုနှစ် ၊ အောက်တိုဘာလ ၁၀ ရက် နံနက်(၀၈:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်၏ မန္တလေးမြို့ရှိစားအုန်းဆီကုမ္ပဏီမှ ခွဲတမ်းရစားသုံးဆီ(၂၀)ပေပါ(သို့) ပိဿာ ၂၂၀၀ ရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့်ဝန်ထမ်းများသည် (၉.၁၀.၂၀၂၄) ရက်နေ့ နံနက် (၁၁:၃၀)အချိန်တွင် အိမ်မဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနတာဝန်ခံရုံးတွင် မုန့်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ အသိပညာပေးဟောပြောပွဲဆောင်ရွက် ခဲ့ကြောင်းသိရှိရပါသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့်ဝန်ထမ်းများသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍(၈.၁၀.၂၀၂၄)ရက်နေ့ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် အထက်ပိုင်းရပ်ကွက်ရှိ မေကံ့ကော်ဆေးဆိုင်နှင့် သစ္စာအောင်ဆေးဆိုင်တို့တွင် ဆေးဝါးပြတ်လပ်မှုရှိ/ မရှိနှင့် ဈေးနှုန်းအခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စက်ရုံ/ အလုပ်ရုံများသို့ စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်နိုင်ရန် ဦးစီးအရာရှိ ဦးမျိုးထွန်းဦးဆောင်သည့် စစ်ဆေးရေးအရာရှိများသည် (၁၀-၁၀-၂၀၂၄) ရက်နေ့တွင် ရွှေစိန်မုန့်မျိုးစုံလုပ်ငန်းစက်ရုံသို့ အသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စက်ရုံ/ အလုပ်ရုံများသို့ စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်နိုင်ရန် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူသဲနွယ်ဦးဆောင်သည့် စစ်ဆေးရေးအရာရှိများသည် (၉-၁၀-၂၀၂၄) ရက်နေ့တွင် ရှမ်းကြီးလက်ဖက်နှင့်ပဲကြော်လုပ်ငန်းသို့ အသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။
