သတင်းနှင့် လှုပ်ရှားမှုများ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ မြို့မဈေးအတွင်း/ အပြင်ရှိ ကုန်စုံဆိုင်များသို့ ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သာယာဝတီခရိုင်ဦးစီးမှူးကြီးကြပ်၍ ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် နေ့စဉ် သွားရောက်စစ်ဆေးဆောင်ရွက်လျက်ရှိရာ (၂၃-၉-၂၀၂၄) ရက်နေ့တွင် ဆီများရောင်းချနေမှုအခြေအနေများကိုသိရှိရန် ကွင်းဆင်းဆောင်ရွက်လျက်ရှိပါသည်။

ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် လင်းရောင်းခြည် ဆန်စက်လုပ်ငန်းသို့ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက (၉.၁၀.၂၀၂၄) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်က ဆန်စက်လုပ်ငန်းရှင် ဦးဝင်းအောင်နှင့် တွေ့ဆုံ၍ ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးနှင့် စပါးဆန်ဈေးကွက်အခြေအနေ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပန်းတနော်မြို့ပေါ်တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆောင်ရွက်သည့် လုပ်ငန်းရှင်များအား ၎င်းတို့၏လုပ်ငန်းများအတွက် မှတ်ပုံတင်ရယူ၍ ဆောင်ရွက်စေရန် အသိပညာပေးခြင်းကို (၉.၁၀.၂၀၂၄) ရက်နေ့ ၊နံနက် (၁၁:၀၀)နာရီအချိန်တွင် ပန်းတနော်မြို့နယ် အနောက်ပိုင်းရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်း စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမတွင် ဟောပြောခဲ့ပါသည်။

(၉-၁၀-၂၀၂၄)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ ဦးခိုင်လွမ်းမိုးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း ၍ ဓနုဖြူမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်၊ စတိုးဆိုင်များတွင်ရောင်းချနေသည့် ဦးစားပေးကုန်စည်ဖြစ်သော အသင့်စားခေါက်ဆွဲခြောက်ထုပ်များတွင် စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဌာန်းထားသည့် စားသုံးသူကာကွယ်ရေးကော်မရှင် အမိန့်ညွှန်ကြားချက် ၂/၂၀၁၉ သတ်မှတ်ချက်များအတိုင်း လိုက်နာဖော်ပြထားခြင်းရှိ/မရှိ၊ ကုန်ည

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် (၈.၁၀.၂၀၂၄) ရက်နေ့ နေ့လယ်ပိုင်းက Online Shop မှတ်ပုံတင်ပြီးလုပ်ငန်းများအား ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်ပြီးစီးမှူ အခြေအနေများကို မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
