သတင်းနှင့် လှုပ်ရှားမှုများ
အထက်အကြီးအကဲကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ဗိုလ်တထောင်မြို့နယ်ပြည် သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဟေမာဇော်တို့နှင့် ပူးပေါင်း၍ ၉.၁၀.၂၀၂၄ ရက်နေ့၊နေ့လယ် (၁၂:၃၀) နာရီတွင် အမှတ် (၄၅)၊ လမ်း(၅၀)အောက်ဘလောက်ရှိ KMT Co., Ltd ရှိ ဆေး နှင့်ဆေးပစ္စည်းများကိုစစ်ဆေးရန် တာဝန်ခံနှင့်သွားရောက်တွေ့ဆုံ၍ စစ်ဆေးမှုများပြု လုပ်ခဲ့ကြောင်း သိရှိရပါသည်။

အထက်အကြီးအကဲကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် သာကေတမြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာစုစုလွင်တို့နှင့်ပူးပေါင်း၍ ၉.၁၀.၂၀၂၄ ရက် နေ့လည် (၁၀:၃၀) နာရီတွင် အမှတ် (၃၁)၊ စကားဝါလမ်း၊ ဝါဝါဝင်းအိမ်ယာရှိ အာကာရာမကုမ္ပဏီရှိ ဆေးနှင့် ဆေးပစ္စည်းများကို စစ်ဆေးရန် တာဝန်ခံနှင့်သွားရောက်တွေ့ဆုံ၍ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးအဖွဲ့၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၈.၁၀.၂၀၂၄) ရက်နေ့ နံနက် (၁၀:၃၀)အချိန်တွင် လပွတ္တာမြို့ပေါ်ရှိ ဆေးဆိုင်များအား ဆေးဝါးပြတ်လပ်မှုရှိ/ မရှိနှင့် ဈေးနှုန်းအခြေအနေများအားကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

၉.၁၀.၂၀၂၄ ရက်နေ့ နေ့လယ်ပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့ဌေး(ဒုဦးစီးမှူး)နှင့်ဝန်ထမ်းများသည် ဗိုလ်တထောင်မြို့နယ်၊ သာကေတ မြို့နယ်ရှိ အသင့်စားမုန့်အမျိုးမျိုးအား ရောင်းချသည့် ကုန်စုံဆိုင်(၇)ဆိုင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိမှု ရှိ/မရှိ စစ်ဆေးခြင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၉-၁၀-၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၁:၀၀)နာရီအချိန်တွင် တိုင်းရင်းဆေးအမျိုးမျိုးအား ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
