သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
22 Oct 2024

အင်းစိန်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ၁၀-၁၀-၂၀၂၄ ရက်နေ့၊ နေ့လယ်(၁၄:၃၀)နာရီအချိန်တွင် အင်းစိန်မြို့နယ်ရှိ အင်းစိန်ဈေးနှင့် လှိုင်သာယာမြို့နယ်ရှိ ပင်လုံဈေးများတွင် စားအုန်းဆီဖြန့်ဖြူးရောင်းချနေသောဆိုင်များအား သတ်မှတ်ဈေးနှုန်းများဖြင့် ရောင်းချနေခြင်းရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

22 Oct 2024

(၉-၁၀-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၆:၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် စားအုန်းဆီကိုယ်စားလှယ်များထံတွင် ဆီလက်ကျန်ထားရှိမှုရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

21 Oct 2024

        စားသုံးသူရေးရာဦးစီးဌာန၊လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် လွိုင်လင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ (၁၀.၁၀.၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် လွိုင်လင်မြို့ပေါ်ရှိ ဆန်အရောင်းဆိုင်များသို့ သွားရောက်၍ ဆန်ရောင်းချဖြန့်ဖြူးနေမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

21 Oct 2024

           ရှမ်းပြည်နယ်(တောင်ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဦးတင်ဌေး (ရုံးအုပ်)နှင့်အဖွဲ့သည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် တောင်ကြီးမြို့ပေါ်ရှိ လက်လီ/ လက်ကားရောင်းချနေသော  ဆေးဆိုင်များ ဆေးနှင့်ဆေးဝါးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် ဆေးပစ္စည်းများ ပြတ်လပ်မှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်းဆေးခဲ့ကြောင်း သိရှိရပါသည်။

21 Oct 2024

         ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ  ဦးတင်ဌေး (ရုံးအုပ်) ဦးဆောင်၍ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် တောင်ကြီးမြို့ပေါ်ရှိ အစားအသောက်နှင့်ကုန်ပစ္စည်းများရောင်းချနေသော ကောင်းကင်ပြာစတိုးဆိုင်၊ ထိပ်တန်းစတိုးဆိုင်၊ စန္ဒာကုန်စုံဆိုင်နှင့် ဖြိုးကြွယ်ကုန်စုံဆိုင်များအား မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေအရ ပြဌာန်းချက်နှင့် က

Pages