သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်အနေဖြင့် ဒု-ခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံတို့ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်ပူးပေါင်းပြီး ဆန်ရောင်းချမှုအခြေအနေများကို ကွင်းဆင်းကြီးကြပ်စစ်ဆေးဆောင်ရွက်လျက်ရှိရာ (၉-၁၀-၂၀၂၄)ရက်နေ့တွင် ကင်မလင်းကျွန်းရပ်ကွက်အတွင်းရှိ ဆန်အရောင်းဆိုင်များအား သွားရောက်၍ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးရှိ ဒုတိယခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၉.၁၀.၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်သည့် လုပ်ငန်းရှင်များအနေဖြင့် မှတ်ပုံတင် လျှောက်ထားရန်အတွက်နှင့် မှတ်ပုံတင်လက်မှတ်ရရှိသူများ အနေဖြင့် လိုက်နာရမည့်တာဝန်များနှင့် အခွင့်အရေးများအား သိရှိစေရန်ရည်ရွယ်၍ ပခုက္ကူမြို့၊ အမှတ်(၆)ရပ်ကွက်၊ မြိုင်လမ်းပေါ်ရှိ Cosmetics များ ရောင်းချသည့် လုပ်ငန်းရှင်ထံသို့
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်တိုးတက်အောင်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းစဉ်များပိုမိုအဆင်ပြေချောမွေ့အောင် အသင်းအဖွဲ့များဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိပါသည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးရှိ ဒုတိယခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၈.၁၀.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဦးစားပေးကုန်စည်(၁၀)မျိုးမှ အမှတ်စဉ်(၆) ဖြစ်သည့် ကလေးတစ်ကိုယ်ရည်သုံး ပစ္စည်းအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ပြီးပြည့်စုံပြီး ဘေးန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ပခုက္ကူမြို့၊ အမှတ်(၁၁)ရပ်ကွက်၊ မြိုင်လမ်း ပေါ်ရှိ “Boo Baby” နှင့် “Baby Boss” စတိုးဆိုင် (၂)ဆိုင်သို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ကျောင်းနေအရွယ် ကျောင်းသား/ ကျောင်းသူများစားသောက်နေသောမုန့်များ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် စားသုံးသူအခွင့်အရေးနစ်နာမှုမရှိစေရန် ကုန်စည်နှင့် အစားအသောက်များကိုရွေးချယ်ဝယ်ယူစားသောက်နိုင်ရေးအတွက် (၁၁-၁၀-၂၀၂၄)ရက်နေ့၊ နံနက် (၀၉း၀၀)နာရီအချိန်တွင် ညောင်တုန်း စက္ကော့ အထက်တန်းကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြသည်။
